Cele News

ယနေ့မှာကျရောက်တဲ့အဒေါ်ဖြစ်သူမြင့်မြင့်ခင်ရဲ့မွေးနေ့လေးအတွက်ဆုတောင်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

ယနေ့မှာကျရောက်တဲ့အဒေါ်ဖြစ်သူမြင့်မြင့်ခင်ရဲ့မွေးနေ့လေးအတွက်ဆုတောင်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

မခိုင်နှင်းဝေကတော့အနုပညာလောကရဲ့ကြယ်တစ်ပွင့်ဖြစ်ပါတယ်၊အခုချိန်ထိအနုပညာလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေဆဲပါပဲ၊အလုပ်တစ်ဖက်နဲ့မိဘမဲ့ကလေးများကိုခေါ်ယူမွေးစားပြီးစောင့်ရှောက်နေတဲ့ Sing lemotherတစ်ယောက်ဖြစ်ပါတယ်၊နိုင်ငံရေးအခြေအနေမတည်ငြိမ်မှု့တွေကြောင့်ပြည်သူအတော်များမှာစားဝတ်နေရေးခက်ခဲနေကြရပါတယ်။

ကူညီမှု့လိုအပ်တဲ့ပြည်သူတွေအတွက်လဲသူမရဲ့လှူဒါန်းပေးကမ်းမှု့တွေများစွာပြုလုပ်ခဲ့ပါတယ်။ယနေ့မှာတော့သူမရဲ့အမေတစ်ယောက်လိုပဲချစ်ခင်ရတဲ့အဒေါ်ဖြစ်သူမြင့်မြင့်ခင်ရဲ့မွေးနေ့လေးပါ၊အန်တီမြင့်မြင့်ခင်ကတော့အားလုံးသိထားပြီးသားဖြစ်မှာပါနော်။ဝါရင့်သရုပ်ဆောက်မင်သမီးကြီးပေါ့၊သူ့ခေတ်နဲ့သူတွေတုန်းကအောင်မြင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

တူမဖြစ်တဲ့ခိုင်နှင်းဝေကတော့အရမ်းချစ်ရတဲ့အဒေါ်ဖြစ်သူအတွက်ဆုမွန်ကောင်းတောင်းပေးထားပါတယ်နော်၊အဒေါ်ရဲ့ငယ်ငယ်ကပုံရိပ်အလှလေးတွေပါထုတ်ပြလာခဲ့ပါတယ်။”Happy Birthdayကြီးတော်ကြီးမိခင်ရင်းကဲ့သို့ချစ်ရပါတဲ့ကျမရဲ့ဒုတိယမေမေမေကြူချစ်တဲ့မိသားစုနဲ့နှစ်ပေါင်းများစွာသက်ရှည်အနာမဲ့ကျန်းမာစွာနေထိုင်နိုင်ပါစေ”ဆိုပြီးမွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။အန်တီမြင့်မြင့်ခင်ရဲ့ပရိတ်သတ်တွေရှိသေးရင်လဲဆုတောင်းပေးသွားကြပါဦးနော်။

Zawgyi




Credit