Cele News

သာသနာ့နွယ်ဝင်သီလရှင်စာတိုက်ရှိဆရာလေးများအတွက်လှူဒါန်းကုသိုလ်ယူခဲ့တဲ့ ဆောင်းယွန်းစံ

သာသနာ့နွယ်ဝင်သီလရှင်စာတိုက်ရှိဆရာလေးများအတွက်လှူဒါန်းကုသိုလ်ယူခဲ့တဲ့ ဆောင်းယွန်းစံ

ဆောင်ယွန်းစံကတော့အနုပညာလောကရဲ့ကြယ်တစ်ပွင့်ဖြစ်ပါတယ်နော်။သရုပ်ဆောင်မင်းသမီးတစ်ယော က်ဖြစ်ပါတယ်၊ဇာတ်လမ်းတွေထဲမှာလဲကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်သူပါနော်။ယခုဆိုဆောင်းယွန်းစံကသူမရဲ့နေ့ရက်တိုင်းကိုကောင်းမှု့ကုသိုလ်တွေပြုရင်းဖြတ်သန်းနေပါတယ်၊နိုင်ငံရေးအ​ခြေအနေရမို့ယခုလောဆယ်သူမရဲ့အနုပညာအလုပ်တွေကိုတော့မြင်တွေ့ရမှု့မရှိပါဘူးနော်။

ဆောင်းယွန်းစံကတော်လှန်ရေးကာလတွေမှာလဲပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ကိုဗစ်ရောဂါတွေကြောင့်ပြည်သူတွေအဆင်မပြေဖြစ်နေကြတဲ့အချိန်တွေမှာလဲသူမကလိုအပ်တဲ့တစ်နေရာကနေထောက်ပံ့ကူညီလှူဒါန်းပေးခဲ့ပါတယ်။ယခုလဲသူမကရန်ကုန် တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ကုန်းတလပေါင်းစံပြကျေးရွာ၊ချမ်းမြေ့ဂုဏ်ရည်သီလရှင်စာသင်တိုက်မှာအလှူအတန်းပြုခဲ့တယ်လို့သိရပါတယ်။

ဆောင်းယွန်းစံကကိုယ်တိုင်လဲကုသိုလ်တွေပြုလုပ်နေပြီး၊တစ်ခြားအလှူ့ရှင်တွေရှိရင်လဲလှူဒါန်းနိုင်ကြောင်းပြောပြထားပါသေးတယ်၊သူမလှူခဲ့တဲ့လှူဖွယ်ပစ္စည်းလေးတွေကိုဝမ်းသာစွာနဲ့မျှဝေထားပါတယ်နော်၊”သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီး၊ဆ ရာလေးများအားဆွမ်းဆန်တော်၊ဆီ၊ပဲ၊ကြက်သွန်၊အာလူး၊ငါးပိ၊ငါးခြောက်၊ဆပ်ပြာ၊ဟင်းခတ်မှုန့်၊ငံပြာရည်၊ဟင်းသီးဟင်းရွက်၊အသီးအနှံများနှင့် အလှူတော်ငွေတို့ကိုလှူဒါန်းခဲ့ကြပါတယ်၊လှူဒါန်းမှုအစုစုတို့အတွက်နတ်၊လူသာဓုခေါ်စေသော်။ ”ဆိုပြီးသူမရဲ့ကုသိုလ်လေးကိုမျှဝေလာခဲ့ပါတယ်၊သူမရဲ့ကောင်မှု့ကုသိုလ်လေးအတွက်သာဓုရင်းပီတိလေးကိုမျှဝေပေးလိုက်ရပါတယ်နော်။

Zawgyi




Credit