Cele News

ခွေးလေးတွေကြောင်လေးတွေကိုစောင့်ရှောက်ပေးထားတဲ့အမိုးနီဂေဟာလေးမှာ မွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်စိုးပြည့်သဇင်

ခွေးလေးတွေကြောင်လေးတွေကိုစောင့်ရှောက်ပေးထားတဲ့အမိုးနီဂေဟာလေးမှာမွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်စိုးပြည့်သဇင်

စိုးပြည့်ကတော့အားလုံးသိကြတဲ့အနုပညာရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်နော်၊အနုပညာရှင်မျိုးရိုးကနေဆင်းသက်လာသူလဲဖြစ်ပါတယ်၊စိုးပြည့်ကအ သက်ငယ်ရွယ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်အကယ်ဒမီဆုကိုရရှိထားသူပါ။သူမကသရုပ် ဆောင်အလုပ်အရင်ကျွမ်းကျင်တာမဟုတ်ဘဲသီချင်းဆိုတဲ့နေရာမှာလဲအသံလေးကောင်းသူတစ်ယောက်ပါတယ်။

စိုးပြည့်ကတော့မင်းသမီးတစ်ယောက်ဆိုပေမယ့်ဂီတဘက်လဲဝါသနာပါတဲ့သူမို့သူမရဲ့သီချင်းတွေတောင်ထွက်ရှိခဲ့ပါသေးတယ်။စိုးပြည့်ရဲ့အဒေါ်တွေကအားလုံးသိကြတဲ့ဝါရင့်မင်းသမီးစိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ၊အဆိုတော်စန္ဒီမြင့်လွင်တို့ဖြစ်ကြပါတယ်၊စိုးပြည့်ကအဒေါ်တွေရဲ့ခြေလှမ်းတွေကိုအမှီလိုက်နိုင်တဲ့သူဆိုလဲဟုတ်ပါတယ်နော်။အရင်ကဇာတ်လမ်းပေါင်းများစွာရိုက်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့စိုးပြည့်ကိုအနုပညာလောကထဲမှာတွေ့ရနည်းလာခဲ့ပါတယ်။

ယခုကတော့သူမရဲ့ကျရောက်တဲ့မွေးနေ့အလှူလေးကိုအလှူအ တန်းလိုအပ်နေတဲ့နေရာတစ်ဖြစ်တဲ့တိလေးတွေကိုစောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုမှာအလှူပြုခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ဆိုရှယ်မှာလဲသနားစရာကောင်းတဲ့ကြောင်လေးတွေခွေးလေးတွေရဲ့ချစ်စရာပုံရိပ်လေးတွေကိုမျှဝေလာခဲ့ပါတယ်၊”စိုးပြည့်မွေးနေ့တုန်းကသွားရောက်လှုူဒါန်းခဲ့တဲ့အမိုးနီဂေဟာလေးပါအဲ့ဂေဟာလေးမှာကြောင်လေးတွေရောခွေးလေးတွေရောအများကြီးရှိပါတယ်အလှုူငွေလည်းလိုအပ်တဲ့ဂေဟာလေးပါဆရာတော်ဘုရားဦးဆောင်ပြီးမေတ္တာနဲ့စောင့်ရှောက်ထားတာပါကြောင်လေးတွေကအရမ်းလည်းချွဲတတ်ပါတယ်အလှုူရှင်လာရင်ပျော်နေပါတယ်မျက်လုံးလေးမရှိရှာတဲ့ကြောင်လေးကိုလည်းသနားစရာတွေ့ခဲ့ရတယ်”ဆိုပြီးရေးသားလာခဲ့ပါတယ်၊စိုး​ပြည့်တိချစ်သူများလဲသွားရောက်လှူဒါန်နိုင်ကြောင်းဖိတ်ခေါ်ထားပါသေးတယ်နော်။

Zawgyi




Credit