Cele News

သရုပ်ဆောင်မင်းသွေး ကွယ်လွန်တာ(၃)နှစ်ပြည့်ပေမယ့် ညီဖြစ်သူကို ခုချိန်ထိမမေ့နိုင်သေးတဲ့ နေတိုး

သရုပ်ဆောင်မင်းသွေးကွယ်လွန်တာ(၃)နှစ်ပြည့်ပေမယ့်ညီဖြစ်သူကိုခုချိန်ထိမမေ့နိုင်သေးတဲ့ နေတိုး

သရုပ်ဆောင်နေတိုးရဲ့ညီအရင်းဖြစ်တဲ့မင်းသွေးကတော့အနုပညာနယ်ပယ်မှာအောင်မြင်မှုတွေများစွာရရှိခဲ့ပေမယ့်အရွယ်မတိုင်ဘဲကြွေလွှင့်ခဲ့ရတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့အချစ်ကို သိမ်းပိုက်ထားခံရတဲ့ ကိုမင်းသွေးဟာ အောက်တိုဘာ ၃ရက်နေ့၂၀၁၈ခုနှစ်မှာရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။သူရုတ်တရက်ကွယ်လွန်သွားခြင်းဟာပရိတ်သတ်တွေအတွက်ရော၊အနုပညာအသိုင်းအဝိုင်းမှာပါအံ့သြသွားစေခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

ဒီနေ့နဲ့ဆိုသရုပ်ဆောင်မင်းသွေးကွယ်လွန်သွားတာ(၃)နှစ်ပြည့်ခဲ့ပြီဘဲဖြစ်ပါတယ်။သူမကွယ်လွန်ခင်မှာသရုပ်ဆောင်ထားခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကား၊သတ်ကွင်းရုပ်ရှင်တို့ဟာ တော်တော်အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ သူကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသချိန်မှာတော့ သူဟာ ရှိမနေခဲ့တော့ပါဘူး။

Zawgyi Version




Credit