Cele News

လွတ်မြောက်နယ်မြေကို စရောက်ရောက်ချင်း သူကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတခုကို မျှဝေလာတဲ့ သရုပ်ဆောင် ထားထက်ထက်

လွတ်မြောက်နယ်မြေကိုစရောက်ရောက်ချင်းသူကြုံတွေ့ခဲ့ရတဲ့အမှတ်တရတခုကိုမျှဝေလာတဲ့သရုပ်ဆောင်ထားထက်ထက်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ထားထက်ထက်ကတော့စစ်အာဏာရှင်ကိုရဲရဲဝင်ဝင့်တော်လှန်နေတဲ့သူတစ်ယောက်ပါ။ထားထက်ထက်ကဒီနေ့မှာတော့လွတ်မြောက်နယ်မြေမှာသူကြုံတွေ့ခဲ့ရတဲ့ရီစရာဟာသတခုကိုပြောပြလာတာဘဲဖြစ်ပါတယ်။ထားထက်ထက်ကရောက်ခါစကအမှတ်တရရီစရာလေးတောင်ပေါ်စခန်းကနေတောင်အောက်ဆင်းလာချိန်ခဏမှာခေါင်းဆောင်ဆရာကိုလမင်းကသူ့အဝယ်တော်ကိုပစ္စည်းမှာပါရော၊ဟေ့ရောင်အပြင်သွားရင်ငါ့အတွက် Vape Watermelonဝယ်ခဲ့ပေးပါကွာအဝယ်တော်အကိုကလဲဟုတ်ကဲ့ဟုတ်ကဲ့ပေါ့။

ပြန်လာတော့တခြားပစ္စည်းတွေနဲ့အတူခေါင်းဆောင်မှာလိုက်တဲ့ပစ္စည်းကိုသေချာဝယ်လာပြီးပေးလိုက်တယ်။ဟေ့ရောင်ဒါဘာလဲဆရာမှာတဲ့ဟာလေ။ဗေ့ဆိုတာတော့မရှိဘူးWatermelon ပဲရှိလို့ မလာခဲ့တယ်(ဖရဲသီးကြီးတလုံးထုတ်ပေးပါလေရော)ဆရာလုပ်သူလဲဟာဆိုတာတခွန်းပဲပြောနိုင်ပြီးရီပါလေရောအေးကွာရပါတယ် ပေါ့။

တောင်ပေါ်ပြန်ရောက်တော့စခန်းကရဲဘော်တွေလဲဗေ့တံဆိပ် watermelon ကြီးဆိုပြီးပြောလိုက်ရယ်လိုက်နဲ့ပါလာတဲ့ဖရဲသီးကို ခွဲစားကြရတာပေါ့အရာရာရှားပါးတဲ့အချိန်ဗေ့ watermelon မရလဲဖရဲသီးဝယ်ပေးတဲ့အကိုကိုကျေးဇူးတွေတင်လို့ပေါ့Vape Watermelon ဆိုဆရာပဲဆိုင်တာဒီ watermelon ကတော့ အများပိုင် ဆိုတော့(ကိုလမင်းနဲ့ကိုထွန်းတို့ကိုသတိရလို့ရေးလိုက်ပါတယ်)

Zawgyi Version




Credit