Cele News

သရုပ်ဆောင်ရဲတိုက်ကို ရုံးထုတ်ရာ မူးယစ်ပုဒ်မနဲ့ပါ ထပ်မံစွဲဆိုထားကြောင်းပြောပြလာတဲ့ သူရဲ့ရှေ့နေ

သရုပ်ဆောင်ရဲတိုက်ကိုရုံးထုတ်ရာမူးယစ်ပုဒ်မနဲ့ပါထပ်မံစွဲဆိုထားကြောင်းပြောပြလာတဲ့သူရဲ့ရှေ့နေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ရဲတိုက်တော့ပြည်သူနဲ့အတူရပ်တည်ပေးခဲ့ပြီးဆန္ဒပြရာမှာကာကွယ်ပေးတဲ့ဒိုင်းအဖွဲ့မှာပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့သရုပ်ဆောင်ရဲတိုက်ကိုမတရားဖမ်းဆီးခဲ့တာဘဲဖြစ်ပါတယ်။

သရုပ်ဆောင်ရဲတိုက်အားရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ယနေ့ (အောက်တိုဘာ ၇ရက်)ကရုံးထုတ်ခဲ့ကြောင်းရှေ့နေဦးခင်မောင်မြင့်ထံမှသိရသည်။ရှေ့နေဦးခင်မောင်ကကိုရဲတိုက်ကဒီနေ့အမှုကမရမ်းကုန်းမြို့နယ်မှာတရားစွဲထားတဲ့မူးယစ်စိတ်ပြောင်းပေါ့နော်။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၆(ဂ)အမှုကိုရုံးထုတ်တာပါ။

ဒီနေ့ကတော့ မစစ်သေးဘူး။ အရင်လိုပဲ CMP မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပဲလုပ်ပါတယ်ဟု ၎င်းကဆိုသည်။ထို့ပြင် သရုပ်ဆောင်ရဲတိုက်ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် လသာမြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားပြီး ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်က ရုံးထုတ်ခဲ့သည်။

Zawgyi version




Credit