Cele News
မွေးနေ့အလှူဒါနလေးကိုတကယ်လိုအပ်နေတဲ့တိရစ္ဆာန်လေးတွေဆီကိုယ်တိုင်သွားရောက်ဒါနပြုခဲ့တဲ့ မင်းဘုန်းမြတ်
မွေးနေ့အလှူဒါနလေးကိုတကယ်လိုအပ်နေတဲ့တိရစ္ဆာန်လေးတွေဆီကိုယ်တိုင်သွားရောက်ဒါနပြုခဲ့တဲ့ မင်းဘုန်းမြတ်
ပရိတ်သတ်ကြီးရေMRTV4ရုပ်သံဇာတ်လမ်းတွဲထဲကမင်းသား မင်းဘုန်းမြတ်ကိုသိကြမယ်ထင်ပါတယ်နော်။MRTV4ရုပ်သံကဆိုရင်လတ်တလောကာလတွေမှာအောင်မြင်ဆုံးဖြစ်လာတဲ့ရုပ်သံတစ်ခုလို့ဆိုရပါမယ်နော်၊ခေတ်လူငယ်တွေကိုလက်တွဲခေါ်ဆောင်ပြီးပနုပညာမျိုးဆက်သစ်တွေကိုပေါ်ထွန်းစေခဲ့တာပဲဖစ်ပါတယ်။
ဇာတ်လမ်းတွဲတွေကနေသရုပ်ဆောင်တွေကပိုပြီးလူသိများလာခဲ့ပါတယ်။အဲလိုနာမည်ကြီးလာတဲ့အနုပ ညာရှင်တွေထဲမှာမင်းဘုန်းမြတ်လဲအပါအဝင်ဖြစ်ပါတယ်နော်။မင်းဘုန်းမြတ်ကအဓိကဇာတ်ရုပ်တွေမှာပါဝင်ခြင်းမရှိသေးပေမယ့်သူ့ရဲ့သရုပ်ဆောင်မှု့ကြောင့်လူတစ်ချို့သတိထားအားပေးလာကြပါတယ်။ယနေ့ကတော့သူရဲ့မွေးနေ့လေးဖြစ်ပါတယ်နော်။
သူ့ရဲ့မွေးနေ့အတွက်အလှူဒါနကိုတိလေးတွေအတွက်လှူဒါန်းဖို့ရည်စူးထားပါတယ်လို့သိရပါတယ်၊ယနေ့မှာတော့သူလှူဒါန်းလိုတဲ့တိလေးတွေဆီကိုတကူးတကသွားရောက်ပြီးအလှူပြုခဲ့တာပဲဖစ်ပါတယ်၊တကယ်လိုအပ်နေတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်၊တိချစ်သူအမတစ်ဦးကသူတတ်နိုင်သလောက်လမ်းဘေးခွေးလေးတွေကိုခေါ်ယူပြီးမွေးခဲ့တာပါ။နေရာကရန်ကုန်ရဲ့အပြင်လိုင်သာယာဘက်ကနေ၄နာရီလောက်စီးရတယ်လို့သိရပါတယ်။တကယ်လေးစားမိပါတယ်နော်၊တကယ်လိုအပ်ပြီးခက်ခဲနေတဲ့နေရာမှာခက်ခဲစွာသွား ရောက်လှူဒါန်းခဲ့တာပါ၊ကိုမင်းဘုန်းမြတ်ရဲ့အလှူလေးကိုသာဓုခေါ်ရင်းမွေးနေ့ဆုတောင်းပေးသွားကြပါဦးနော်။
Zawgyi
Credit