Cele News

စစ်ဘေးဒဏ်သင့် တိုင်းရင်းသားပြည်သူတွေကို စာနာထောက်ထားတဲ့ ကမ်းပိန်းလေးမှာပါဝင်ဖို့ တိုက်တွန်းလာတဲ့ သရုပ်ဆောင် ဒေါင်း

စစ်ဘေးဒဏ်သင့်တိုင်းရင်းသားပြည်သူတွေကိုစာနာထောက်ထားတဲ့ ကမ်းပိန်းလေးမှာပါဝင်ဖို့တိုက်တွန်းလာတဲ့သရုပ်ဆောင်ဒေါင်း

ပရိသတ်ကြီးရေဒီနေ့မှာတော့အမှန်တရားဘက်ကရပ်တည်ပေးခဲ့တဲ့သရုပ်ဆောင်ဒေါင်းကတော့စစ်ဘေးဒဏ်သင့်ပြည်သူဆွေကိုစာနာထောက်ထားတဲ့ကမ်ပိန်းလေးမှာပါဝင်ဖို့တိုက်တွန်းနှိုးဆော်ထားတာဘဲဖြစ်ပါတယ်။ဒေါင်းကကျွန်တော်တို့တိုင်းပြည်ဟာသဘာဝဘေး၊ကပ်ရောဂါဘေးတွေကိုခံစားနေကြရတဲ့အပြင်လူကြောင့်ဖြစ်တဲ့ဘေးဒဏ်ကိုလဲစစ်အာဏာသိမ်းမှုကြောင့်ဘဝတွေ ခက်ခဲဆိုးဝါးလာခဲ့ကြရတယ်။

ဒီလိုဆိုးဝါးတဲ့အခြေအနေတွေများစွာထဲကကျွန်တော်တို့ရဲ့အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေဟာ မိမိအိုးအိမ်တွေကိုစွန့်ပြီးစစ်ဘေးရှောင်ဒုက္ခသည်တွေဖြစ်ခဲ့ကြရတယ်။အခုပြည်သူအားလုံးခံစားနေရတဲ့ဒုက္ခတွေအားလုံးဟာ စကစရဲ့အသိဉာဏ်မဲ့အကြမ်းဖက်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပါတယ်။အခုလှုပ်ရှားမှုဟာပြည်သူတွေအားလုံးအာဏာရှင်ကြောင့်စစ်ဘေးဒဏ်ခံစားနေရတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်ပြီးကူညီစောင့်ရှောက်ရေးနှင့်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက်ကျွန်တော်တို့ပြည်သူအားလုံးအတူတကွကြိုးစားနေကြောင်းကို

အောက်တိုဘာ(၁၃)ရက်နေ့မှာကျရောက်မယ့်အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့မှာတိုင်းရင်းသားဝတ်စုံလေးတွေဝတ်ပြီး လူသားချင်းစာနာထောက်ထားခြင်းပုံရိပ်အဖြစ် ညာဘက်လက်ကိုနှလုံးသားပေါ်တင်၊ဘယ်ဘက်လက်ဖြင့် တော်လှန်ရေးရဲ့ပုံရိပ်လက်သုံးချောင်းထောင်ပြီး ယခုကဲ့သို့ဓာတ်ပုံလေးတွေ social media ပေါ်မှာတင်ပြီး ပါဝင်လှုပ်ရှားမှုလေးလုပ်ကြဖို့ပါခင်ဗျာ။OnlyTogether DRRDay2021Myanmar StopManmadeDisasterinMyanmar ဆိုတဲ့ hashtag စာသားလေးတွေကိုတွဲတင်ပေးပြီးယခုလှုပ်ရှားမှုမှာအားလုံး ပါဝင်ပေးကြဖို့နှိုးဆော်ပါရစေခင်ဗျာ။Only together, Can we save the planet!Only together, Can we win the democracy! ဆိုပြီးမျှဝေထားတာဖြစ်ပါတယ်။

Zawgyi Version




Crd