Cele News

ပြည်သူချစ် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ပထမဦးဆုံးအကယ်ဒမီရစဥ်က ပျော်စရာပုံရိပ်တွေကို မျှဝေလာတဲ့ အမာခံပရိသတ်တစ်ဦး

ပြည်သူချစ်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ပထမဦးဆုံးအကယ်ဒမီရစဥ်ကပျော်စရာပုံရိပ်တွေကို မျှဝေလာတဲ့ အမာခံပရိသတ်တစ်ဦး

အနုပညာနယ်ပယ်မှာဆယ်စုနှစ်တခုကြာရပ်တည်ခဲ့ပြီး အောင်မြင်မှုတွေလည်းများစွာရရှိထားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ အသက်(၄၀) ကျော်သွားပေမယ့် ဒီနေ့အထိတိုင်နုပျိုပြီးလှပနေဆဲဖြစ်ပါတယ်။သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့အသက်၂၀ကျော်ဝန်းကျင်အရွယ်ကပုံရိပ်တွေဟာလူမှုကွန်ယက်မှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်၊ပြည်သူနဲ့အတူ အမှန်တရားဘက်ကရပ်တည်ခဲ့လို့အကျဉ်းကျခံနေရတာမို့သူမရဲ့ ပရိသတ်တွေကသူမအတွက်အရမ်းကိုဂုဏ်ယူနေခဲ့ပါတယ်။

အကယ်ဒမီနှစ်ဆုထိထူးထူးချွန်ချွန်ဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသမီးဟာသရုပ်ဆောင်ကောင်းရုံတင်မကဘဲ ရပ်တည်ချက်ပြတ်သားတဲ့အာဂမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်၊အသက်အရွယ်ရလာလေပိုလှလာလေဖြစ်တဲ့သူမရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ၊အသက်၄၀ကျော်အရွယ်ဟာအသက် ၂၀ကျော်အရွယ်နဲ့ထူးမခြားနားလှနေဖို့ဆိုတာ အတော်လေးမလွယ်ပါဘူး။

ငယ်ရွယ်စဉ်မှာGymကစားခဲ့ပေမယ့်လက်ရှိအသက်အရွယ်မှာတော့သူမကယောဂလေ့ကျင့်ခန်းကိုစနစ်တကျလေ့ကျင့်ရင်းကျန်းမာကောင်းမွန်တဲ့ ခန္ဓာကိုယ်ရနိုင်ဖို့ကြိုးစားနေခဲ့ပါတယ်၊အကျဉ်းကျခံ နေစဉ်မှာလည်းဘုရားတရားလုပ်ပြီးအေးအေးဆေးဆေးနေထိုင်နေကြောင်း၊ကနဦးသတင်းတွေအရသိရပါတယ်။

သူမရဲ့ပရိသတ်တွေကလည်းသူမနဲ့ခင်ပွန်းဖြစ်သူ ပြေတီးဦးတို့နှစ်ယောက်လုံးအမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းစကားတွေပြောခဲ့ကြပါတယ်၊ပရိသတ်တွေချစ်တဲ့မင်းသမီးအဖြစ်နဲ့ရပ်တည်လာခဲ့ပြီးလက်ရှိအချိန်ထိလည်းသူမရဲ့ရပ်တည်ချက်ကို လုံးဝမပြောင်းလဲဘဲသိက္ခာရှိရှိအကျဉ်းကျခံနေတဲ့ အာဂအမျိုးသမီးမို့ပရိသတ်တွေကပိုပြီးအချစ်တိုးတဲ့အကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။

သူမရဲ့ပထမဆုံးအကယ်ဒမီဆုကို၂၀၀၄ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီးကြိုးစားမှုရဲ့ရလာဒ်အတွက်ပီတိဖြစ်နေတဲ့အူဝဲရဲ့ပုံရိပ်တွေကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Zawgyi Version

ျပည္သူခ်စ္ သ႐ုပ္ေဆာင္ အိႏၵျာေက်ာ္ဇင္ရဲ႕ ပထမဦးဆုံးအကယ္ဒမီရစဥ္က ေပ်ာ္စရာပုံရိပ္ေတြကို မွ်ေဝလာတဲ့ အမာခံပရိသတ္တစ္ဦး

အႏုပညာနယ္ပယ္မွာဆယ္စုႏွစ္တခုၾကာရပ္တည္ခဲ့ၿပီး ေအာင္ျမင္မႈေတြလည္းမ်ားစြာရရွိထားတဲ့ သ႐ုပ္ေဆာင္ အိႏၵျာေက်ာ္ဇင္ကေတာ့ အသက္(၄၀) ေက်ာ္သြားေပမယ့္ ဒီေန႕အထိတိုင္ႏုပ်ိဳၿပီးလွပေနဆဲျဖစ္ပါတယ္။သ႐ုပ္ေဆာင္အိႏၵျာေက်ာ္ဇင္ရဲ႕အသက္၂၀ေက်ာ္ဝန္းက်င္အ႐ြယ္ကပုံရိပ္ေတြဟာလူမႈကြန္ယက္မွာ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္၊ျပည္သူနဲ႕အတူ အမွန္တရားဘက္ကရပ္တည္ခဲ့လို႔အက်ဥ္းက်ခံေနရတာမို႔သူမရဲ႕ ပရိသတ္ေတြကသူမအတြက္အရမ္းကိုဂုဏ္ယူေနခဲ့ပါတယ္။

အကယ္ဒမီႏွစ္ဆုထိထူးထူးခြၽန္ခြၽန္ဆြတ္ခူးနိုင္ခဲ့တဲ့ မင္းသမီးဟာသ႐ုပ္ေဆာင္ေကာင္း႐ုံတင္မကဘဲ ရပ္တည္ခ်က္ျပတ္သားတဲ့အာဂမင္းသမီးတစ္ေယာက္လည္းျဖစ္ပါတယ္၊အသက္အ႐ြယ္ရလာေလပိုလွလာေလျဖစ္တဲ့သူမရဲ႕ႏုပ်ိဳမႈကေတာ့ အံ့မခန္းပါပဲ၊အသက္၄၀ေက်ာ္အ႐ြယ္ဟာအသက္ ၂၀ေက်ာ္အ႐ြယ္နဲ႕ထူးမျခားနားလွေနဖို႔ဆိုတာ အေတာ္ေလးမလြယ္ပါဘူး။

ငယ္႐ြယ္စဥ္မွာGymကစားခဲ့ေပမယ့္လက္ရွိအသက္အ႐ြယ္မွာေတာ့သူမကေယာဂေလ့က်င့္ခန္းကိုစနစ္တက်ေလ့က်င့္ရင္းက်န္းမာေကာင္းမြန္တဲ့ ခႏၶာကိုယ္ရနိုင္ဖို႔ႀကိဳးစားေနခဲ့ပါတယ္၊အက်ဥ္းက်ခံ ေနစဥ္မွာလည္းဘုရားတရားလုပ္ၿပီးေအးေအးေဆးေဆးေနထိုင္ေနေၾကာင္း၊ကနဦးသတင္းေတြအရသိရပါတယ္။

သူမရဲ႕ပရိသတ္ေတြကလည္းသူမနဲ႕ခင္ပြန္းျဖစ္သူ ေျပတီးဦးတို႔ႏွစ္ေယာက္လုံးအျမန္ဆုံးလြတ္ေျမာက္ေစဖို႔ဆုေတာင္းစကားေတြေျပာခဲ့ၾကပါတယ္၊ပရိသတ္ေတြခ်စ္တဲ့မင္းသမီးအျဖစ္နဲ႕ရပ္တည္လာခဲ့ၿပီးလက္ရွိအခ်ိန္ထိလည္းသူမရဲ႕ရပ္တည္ခ်က္ကို လုံးဝမေျပာင္းလဲဘဲသိကၡာရွိရွိအက်ဥ္းက်ခံေနတဲ့ အာဂအမ်ိဳးသမီးမို႔ပရိသတ္ေတြကပိုၿပီးအခ်စ္တိုးတဲ့အေၾကာင္းမွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။

သူမရဲ႕ပထမဆုံးအကယ္ဒမီဆုကို၂၀၀၄ခုႏွစ္မွာဆြတ္ခူးနိုင္ခဲ့ၿပီးႀကိဳးစားမႈရဲ႕ရလာဒ္အတြက္ပီတိျဖစ္ေနတဲ့အူဝဲရဲ႕ပုံရိပ္ေတြကိုပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။

Crd