Cele News

၂၀၁၁ကနေဖြတ်သန်းလာခဲ့တဲ့ပုံရိပ်လေးတွေကိုမျှဝေရင်းမိမိဘဝကိုလိပ်ပြာလုံကြောင်းရင်ဖွင့်လာခဲ့တဲ့ အဆိုတော်ချမ်းချမ်း

၂၀၁၁ကနေဖြတ်သန်းလာခဲ့တဲ့ပုံရိပ်လေးတွေကိုမျှဝေရင်းမိမိဘဝကိုလိပ်ပြာလုံကြောင်းရင်ဖွင့်လာခဲ့တဲ့ အဆိုတော်ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့လက်ရှိမှာနိုင်ငံရပ်ခြားမှာနေထိုင်နေတာပဲဖစ်ပါတယ်၊ပထမအိမ်ထောင်ပြိုကွဲခဲ့ပြီးသမီးလေးတစ်ယောက်ကျန်ခဲ့ပါတယ်။သမီးလေးကိုချစ်ပေမယ့်ဒုတိယအိမ်ထောင်နဲ့နိုင်ငံခြားမှာသွားရောက်နေနေရပါတယ်နော်။သမီးလေးကအဖိုးအဖွားတွေနဲ့အတူနေနေပါတယ်။ချမ်းချမ်းရဲ့ဒုတိယအိမ် ထောင်ကနိုင်ငံခြားသားတစ်ဦးဖြစ်ပြီးအခုဆိုနောက်ထပ်သမီးလေးတစ်ယောက်ပါရနေပါပြီနော်။

ချမ်းချမ်းကတော့အခုဆိုအေးချမ်းတဲ့မိသားစုလေးကိုရရှိနေပါပြီ၊တစ်ခြားနိုင်ငံမှာနေနေရပေမယ့်အမိနိုင်ငံမှာကျရောက်နေတဲ့အခြေအနေဆိုးတစ်ခုကိုလစ်လျူရှု့ခဲ့ခြင်းမရှိခဲ့ပါဘူး။ခုဆိုချစ်ရတဲ့သမီးလေးနှစ်ယောက်ကိုပေးထားတဲ့ဘုရားသခင်ကိုကျေးဇူးဂါဝရပြုကြောင်းပြောပြခဲ့ပါတယ်။သူမမှာအခက်ခဲတွေအများကြီးရှိခဲ့ပေမယ့်နောင်တရစရာတွေမလုပ်ခဲ့ဘဲလိပ်ပြာသန့်စွာနေထိုင်ခဲ့တယ်လို့သိရပါတယ်။

သမီးကြီးနဲ့ခွဲနေရပေမယ့်အရမ်းသတိရနေကြောင်းသမီးကြီးရဲ့ပုံရိပ်လေးတွေကိုအမြဲဆိုသလိုမျှဝေလာတတ်ပါတယ်၊သမီးငယ်လေးကိုလဲချစ်လွန်းလို့မျက် စိရှေ့ကနေတောင်မပျောက်မခံနိုင်ဘဲဖြစ်နေပါတယ်၊သူမရဲ့ဖြတ်သန်းလာခဲ့ရတဲ့ဘဝမှာ”အနုပညာအလုပ်နဲ့ရိုးသားစွာရှာဖွေရင်းမိဘကိုလုပ်ကြွေးပြုစုခဲ့ပါတယ်။

ဘဝမှာအများကြီးမလိုပါဘူးကိုယ့်​ကြောင့်သူတစ်ပါးကိုမထိခိုက်စေရင်ပဲလိပ်ပြာလုံစွာနေနိုင်ပါပြီ၊လက်ရှိဘဝထက်နိမ့်တာမြင့်တာကိုစဉ်းစားနေမယ့်အစားလုပ်စရာရှိတာကိုတနေ့တာအတွက်အ ကောင်းဆုံးနေထိုင်ဖြစ်တယ်ဘဝကရိုးရှင်းပါတယ်”ဆိုပြီးရေးသားလာခဲ့ပါတယ်၊ရိုးရှင်းတဲ့ဘဝကပြည့်စုံပါတယ်ချစ်ပရိတ်သတ်ကြီးရေ၊ဖတ်ရှု့ခဲ့လို့ကျေးဇူးပါနော်။

Zawgyi




Credit