Cele News

သီတင်းကျွတ်လပြည့်နေ့လေးမှာ မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ ဆုတောင်းပေးလာတဲ့ သရုပ်ဆောင် ဇဏ်ခီ

သီတင်းကျွတ်လပြည့်နေ့လေးမှာမြန်မာပြည်သူတွေအတွက်စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ဆုတောင်းပေးလာတဲ့သရုပ်ဆောင်ဇဏ်ခီ

ပရိသတ်ကြီးရေမြန်မာရုပ်ရှင်ဇာတ်ကားတွေကိုနိုင်ငံတကာထိအောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့သရုပ်ဆောင်ဇဏ်ခီကတော့ အနုပညာအရည်အချင်ပြည့်ဝပြီးသဘာဝကျကျပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။လက်ရှိမှာသရုပ်ဆောင်ဇဏ်ခီက နေအိမ်အကျယ်ချုပ်ကနေလွတ်မြောက်လာပြီးနိုင်ငံခြားကိုရောက်နေပြီလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ဇဏ်ခီကသီတင်းကျွတ်အခါသမရမှာဘုရား၊တရား၊ သံဃာ၊မိဘ၊ဆရာသမားတို့နှင့်တကွဘဝအဆက်ဆက်မှာကျေးဇူးရှိခဲ့ဖူးသူပုဂ္ဂိုလ်အားလုံးတို့ကိုရိုသေလေးမြတ်စွာရှိခိုးကန်တော့ပူဇော်ပါ၏။ ထိုမှရသောကောင်းမှုကုသိုလ်များကြောင့်မြန်မာပြည်သူပြည်သားများသည်ရင်ဆိုင်နေရသောကပ်များမှအမြန်ဆုံးလွတ်မြောက်ကာနှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့်ကိုယ်စီဘဝတွေမှာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးအေးချမ်းစွာနေထိုင်နိုင်ကြပါစေ။

အများလိုလားသောဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်ကြီးကို အောင်မြင်စွာတည်ထောင်နိုင်ကြပါစေ။တရားသောလမ်းစဉ်သည်မတရားမှုအားလုံးတို့ကိုအောင်နိုင်ပါစေဆိုပြီးဆုတောင်းပေးလာတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit