Cele News

အင်းစိန်ထောင်အတွင်းရှိ သရုပ်ဆောင်ပြေတီဦးနှင့် ပိုင်တံခွန်တို့ ကျန်းမာရေးဆိုးဝါးနေတယ်လို့ပြောပြလာတဲ့ ပြန်လွတ်လာသူတစ်ဦး

အင်းစိန်ထောင်အတွင်းရှိသရုပ်ဆောင်ပြေတီဦးနှင့်ပိုင်တံခွန်တို့ ကျန်းမာရေးဆိုးဝါးနေတယ်လို့ပြောပြလာတဲ့ပြန်လွတ်လာသူတစ်ဦး

ပရိသတ်ကြီးရေသရုပ်ဆောင်ပိုင်တံခွန်နဲ့ပြေတီဦးကပြည်သူနဲ့အတူအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးမတရားဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။အင်းစိန်အကျဉ်းထောင်တွင်အကျဉ်းချခံနေရသည့်သရုပ်ဆောင်ပြေတီဦးနှင့်မော်ဒယ်လ်ပိုင်တံခွန်တို့နေမကောင်းဖြစ်နေသည်ဟုပိုင်တံခွန်နှင့်အင်းစိန်အကျဉ်းထောင်အတွင်းခင်မင်ခဲ့ပြီးလက်ရှိပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောသည်။

ပိုင်တံခွန်ကဝမ်းလျှောနေပြီးအခုရက်ပိုင်းအတွင်းဆေးပုလင်းချိတ်ထားရကြောင်းနှင့် ဖမ်းဆီးခံထားသူများလွတ်မြောက်မှုတွင်၎င်းကျန်နေခဲ့သဖြင့်စိတ်ဓာတ်လည်းကျနေသည်ဟု ဆိုသည်။သရုပ်ဆောင်ပြေတီဦးမှာနေမကောင်းနေကြောင်း သိရသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

သူ့ကိုချစ်တဲ့ပရိသတ်တွေကိုလွမ်းတယ်။နေမကောင်းဖြစ်နေချိန်ပိုဝမ်းနည်းရတယ်။အိမ်ပြန်ချင်တယ်။ကျွန်တော်လည်းအကိုပြန်တော့ ကျွန်တော်ပိုခံစားရတယ်။ပြီးတော့ပရိသတ်တွေကိုအရမ်းချစ်ပါတယ်။ မကြာခင်တော့ပြန်လာနိုင်မယ်လို့မျှော်လင့်ပြီးပရိသတ်တွေလည်းသူ့အတွက်ဆုတောင်းပေးကြဖို့မှာလိုက်ပါတယ်ဟုအင်းစိန်အကျဉ်းထောင်အတွင်းပိုင်တံခွန်နှင့်ရင်းနှီးခဲ့သူကပြောသည်။

Zawgyi Version

ပရိသတ္ႀကီးေရသ႐ုပ္ေဆာင္ပိုင္တံခြန္နဲ႕ေျပတီဦးကျပည္သူနဲ႕အတူအမွန္တရားဘက္ကရပ္တည္ခဲ့ၿပီးမတရားဖမ္းဆီးခံခဲ့ရတာလည္းျဖစ္ပါတယ္။အင္းစိန္အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ခံေနရသည့္သ႐ုပ္ေဆာင္ေျပတီဦးႏွင့္ ေမာ္ဒယ္လ္ပိုင္တံခြန္တို႔ေနမေကာင္းျဖစ္ေနသည္ဟု ပိုင္တံခြန္ႏွင့္အင္းစိန္အက်ဥ္းေထာင္အတြင္း ခင္မင္ခဲ့ၿပီးလက္ရွိျပန္လည္လြတ္ေျမာက္လာသူ တစ္ဦးကေျပာသည္။

ပိုင္တံခြန္ကဝမ္းေလွ်ာေနၿပီးအခုရက္ပိုင္းအတြင္းေဆးပုလင္းခ်ိတ္ထားရေၾကာင္းႏွင့္ ဖမ္းဆီးခံထားသူမ်ားလြတ္ေျမာက္မႈတြင္၎က်န္ေနခဲ့သျဖင့္စိတ္ဓာတ္လည္းက်ေနသည္ဟု ဆိုသည္။ သ႐ုပ္ေဆာင္ေျပတီဦးမွာေနမေကာင္းေနေၾကာင္း သိရေသာ္လည္း အေသးစိတ္ကိုမူ မသိရေပ။

သူ႕ကိုခ်စ္တဲ့ပရိသတ္ေတြကိုလြမ္းတယ္။ ေနမေကာင္းျဖစ္ေနခ်ိန္ပိုဝမ္းနည္းရတယ္။အိမ္ျပန္ခ်င္တယ္။ကြၽန္ေတာ္လည္းအကိုျပန္ေတာ့ ကြၽန္ေတာ္ပိုခံစားရတယ္။ၿပီးေတာ့ပရိသတ္ေတြကိုအရမ္းခ်စ္ပါတယ္။မၾကာခင္ေတာ့ ျပန္လာနိုင္မယ္လို႔ေမွ်ာ္လင့္ၿပီး ပရိသတ္ေတြလည္း သူ႕အတြက္ ဆုေတာင္းေပးၾကဖို႔ မွာလိုက္ပါတယ္” ဟု အင္းစိန္အက်ဥ္းေထာင္အတြင္း ပိုင္တံခြန္ႏွင့္ ရင္းႏွီးခဲ့သူက ေျပာသည္။

Credit