Cele News

အမေဖြစ်သူက အသက်(၁၅)နှစ်နဲ့ သက်ငယ်မုဒိန်းမှုကြောင့်ကိုယ်ဝန်ရခဲ့ပြီး မီးဖွားရင်းသေဆုံးသွားလို့ ကျန်ရစ်တဲ့ကလေးကို မွေးစားမယ့် ခိုင်နှင်းဝေ

အမေဖြစ်သူကအသက်(၁၅)နှစ်နဲ့သက်ငယ်မုဒိန်းမှုကြောင့်ကိုယ်ဝန်ရခဲ့ပြီးမီးဖွားရင်းသေဆုံးသွားလို့ကျန်ရစ်တဲ့ကလေးကိုမွေးစားမယ့်ခိုင်နှင်းဝေ

ပရိသတ်ကြီးရေသရုပ်ဆောင်ခိုင်နှင်းဝေကတော့ပရဟိတအလုပ်တွေကိုအားသွန်ခွန်စိုက်လုပ်နေပြီးလိုအပ်တဲ့နေရာတွေကိုလည်းပုံမှန်လှူဒါန်းပေးနေတာဖြစ်ပါတယ်။ဒါအပြင်ခိုင်နှင်းဝေကစွန့်ပစ်ခံထားရတဲ့မိဘမဲ့ကလေးတွေကိုဂေဟာဖွင့်ပြီးစောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။

ဒီနေ့မှာတော့သရုပ်ဆောင်ခိုင်နှင်းဝေကအမေဖြစ်သူက အသက်(၁၅)နှစ်နဲ့သက်ငယ်မုဒိန်းမှုကြောင့်ကိုယ်ဝန်ရခဲ့ပြီးမီးဖွားရင်းသေဆုံးသွားလို့ကျန်ရစ်တဲ့ကလေးကိုခေါ်ယူမွေးစားမယ့်အကြောင်းအခုလိုပြောပြလာပါတယ်။

ခိုင်နှင်းဝေကခရီးသွားရင်းအကြောင်းအကျိုးပဌာန်းဆက်တွေကြောင့်သမီးလေးတစ်ယောက်ကို ခေါ်ယူမွေးစားဖြစ်ပါဦးမယ်ရှင်။သထုံဘက်မှအမေက(၁၅)နှစ်သက်ငယ်မုဒိမ်းကြောင့်ကိုယ်ဝန်ရသွားကာမီးဖွားရင်းသေဆုံးသွားပါတယ်။ကျန်ရစ်သူသမီးလေးမှာအဘွားနဲ့နေရင်းဘွားအေမှာလဲဆုံးပါးသွားတဲ့အတွက်ဆက်လက်စောင့်ရှောက်ဘို့တစ်ဦးတစ်ယောက်မှမရှိတော့တဲ့အတွက်ကျမတို့ခိုင်မိသားစုဂေဟာမှဆက်လက်တာဝန်ယူစောင့်ရှောက်သွားဖြစ်ပါမယ်ရှင်ဆိုပြီးမျှဝေလာတာဖြစ်ပါတယ်။

Zawgyi version




Credit