Cele News

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဖဲကြိုးဖြူကမ်ပိန်းမှာ ပါဝင်ခဲ့တဲ့ မင်းမော်ကွန်း နဲ့ ကိုပေါက်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဖဲကြိုးဖြူကမ်ပိန်းမှာပါဝင်ခဲ့တဲ့မင်းမော်ကွန်း နဲ့ကိုပေါက်

ပရိသတ်ကြီးရေသရုပ်ဆောင်မင်းမော်ကွန်းကတော့ တပွင့်တည်းပွင့်တဲ့နှင်းဆီလို့ဆိုရလောက်အောင်ပြည်သူဘက်ကရဲရဲဝင့်ဝင့်ရပ်တည်ရဲတဲ့သူတစ်ယောက်ပါ။ဒါအပြင်ဒါရိုတ်တာကိုပေါက်ကလည်းအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးမင်းမော်ကွန်းနဲ့အတူလွတ်မြောက်နယ်မြေရောက်ရှိနေတာလည်းဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ဆိုတဲ့ ဖဲကြိုးဖြူကမ်ပိန်းလေးမှာ မင်းမော်ကွန်း နဲ့ ကိုပေါက်ကတောထဲကနေပါဝင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ(၂၅)ရက်နေ့မှဒီဇင်ဘာလ (၁၀)ရက်နေ့သည်ကမ္ဘာနှင့်အဝန်းတွင်နှစ်စဥ်ကျင်းပလေ့ရှိသော၁၆ရက်တာလှုပ်ရှားမှုကာလဖြစ်ပါသည်။ မနက်ဖြန်နိုဝင်ဘာလ ၂၅ရက်နေ့တွင်ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့တွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုမည်သည့်နည်းနှင့်မဆို ကိုယ်တိုင်မကျူးလွန်သည့်အပြင်ယင်းအကြမ်းဖက်မှုများလျော့ကျသွားစေရန်ပြည်သူအားလုံးဖဲကြိုးဖြူကမ်ပိန်းတွင်ပါဝင်ခြင်းဖြင့် ကူညီကြပါရန်​လေးစားစွာတိုက်တွန်းအပ်ပါသည်။

Zawgyi Version




Credit