Cele News

သွားလေသူ မွေးနေ့လေးမကျင်းပနိုင်တော့တာကြောင့် သားကိုယ်စားမွေးနေ့အလှူလေးကို မိဘမဲ့ကျောင်းမှာ ပြုလုပ်ပေးခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့မိခင်

သွားလေသူ မွေးနေ့လေးမကျင်းပနိုင်တော့တာကြောင့် သားကိုယ်စားမွေးနေ့အလှူလေးကို မိဘမဲ့ကျောင်းမှာ ပြုလုပ်ပေးခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့မိခင်

ချစ်ပရိတ်သတ်ကြီးရေယခုလိုကာလမှာပြည်သူ့တွက်ကြိုးပမ်းကြရင်းကျဆုံးသွားကြတဲ့သူရဲကောင်းတွေကိုယနေ့ချိန်ထိအမှတ်ရနေကြဆဲဖစ်ပါတယ်၊အ ဆိုတော်ရေမွန်ကတော့ပရိတ်သတ်တွေချစ်ရတဲ့နာမ ည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပါတယ်၊ရီမွန်ကအဆိုကောင်းရုံသာမကဂီတကိုအလွန်ချစ်မြတ်နိုးတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ရီမွန်ကတော့ပရိတ်သတ်တွေသာမကမိတ်ဆွေအ ပေါင်းအသင်းတွေကပါစိတ်သဘောထားပြည့်ဝတဲ့သူ့ကိုအလွန်ခင်မင်ခြင်းခံရတဲ့သူပါပဲ၊သူကအာဏာသိမ်းမှု့မှာပြည်သူဘက်မှာရပ်တည်ခဲ့ပြီးလွတ်မြောက်နယ်မြေမှာပြည်သူအတွက်ကြိုးပမ်းခဲ့တဲ့သူတစ်ယော က်ပါ၊အများအကျိုးပြုရင်းအသက်ဆုံးပါးသွားခဲ့ရပါတယ်။သူ့ကိုမမေ့နိုင်ကြတဲ့မိတ်ဆွေတွေနဲ့ပရိတ်သတ်တွေကတော့ယနေ့မှာကျရောက်တဲ့ရေမွန်မွေးနေ့လေးကိုအမှတ်တရကျင်းပနေဆဲဖစ်ပါတယ်။

ရေမွန်ရဲ့မိခင်ဖြစ်သူကတော့သူမချစ်ရတဲ့သားလေးအတွက်သူမရှိတော့ပေမယ့်လဲရေမွန်အတွက်မွေးနေ့အလှူလေးကျင်းပခဲ့တာပဲဖစ်ပါတယ်။”သွားလေသူကျင်းပခွင့်မရှိတော့တဲ့မွေးနေ့လေးမှာတောင်ဒဂုံမြို့နယ်မှန်ကင်းပရဟိတစာသင်ကျောင်း(မိဘမဲ့ကျောင်း)ရှိကလေးအယောက်၁၇၀စာအတွက်နေ့လည်စာထမင်းဟင်းအဆာပြေမုန့်ကလေးကစားစရာလေးတွေလှူဒါန်းပေးခဲ့ပါတယ်”ဆိုပြီးရေမွန်ရဲ့ညီမဖြစ်သူဆိုရှယ်မှာအလှူလေးကိုမျှဝေလာခဲ့ပါတယ်။လူသာသေသွာပေမယ်အမည်မသေတဲ့ကိုရေမွန်အတွက်ဆုတောင်းပေးသွားကြပါဦးနော်။

Zawgyi




Credit