Cele News

မိခင်​ဖြစ်သူရဲ့နေအိမ်မှာ လူတွေရှိနေပါလျှက် သူခိုးခိုးခံရပြီး ပိုက်ဆံတွေနဲ့ ဖုန်းနှစ်လုံးပါသွားကြောင်း ပြောပြလာတဲ့ အဆိုတော် သားစိုး

မိခင်​ဖြစ်သူရဲ့နေအိမ်မှာ လူတွေရှိနေပါလျှက် သူခိုးခိုးခံရပြီး ပိုက်ဆံတွေနဲ့ ဖုန်းနှစ်လုံးပါသွားကြောင်း ပြောပြလာတဲ့ အဆိုတော် သားစိုး

ပရိသတ်ကြီးရေမိခင်​ဖြစ်သူရဲ့နေအိမ်မှာသူခိုးခိုးခံရပြီးပုဂံမှာ လှူဖို့စုထားတဲ့ပိုက်ဆံ၂သိန်းကျော်နဲ့ဖုန်း ၂လုံးပါသွားတဲ့အကြောင်းအဆိုတော်သားစိုးကပြောပြလာတာဖြစ်ပါတယ်။

မိခင်နေထိုင်ရာတာမွေမြို့နယ်ကအိမ်ကိုနှစ်ချီပိတ်ထားတာကြာတဲ့အတွက် ဒီဇင်ဘာ လ ၁၈ ရက်နေ့မှာအိမ်ခဏသွားရင်းသန့်ရှင်းရေးလုပ်နေချိန်သူခိုးကအိမ်ရှေ့ဧည့်ခန်းမှာထားထားတဲ့ပိုက်ဆံအိတ်ထဲကငွေ ၂သိန်းကျော်နဲ့ဖုန်း ၂ လုံးကိုခိုးသွားကြောင်းအဆိုတော်သားစိုးကပြောပါတယ်။

အဆိုတော်သားစိုးကမနေ့ နေ့လည် ၂ နာရီကသျှင်ပါကူဆေးခန်းဘေးကကျွန်တော်အမေ့အိမ်မှာသူခိုးဝင်ခိုးသွားပါတယ်။လူရှိနေတုန်း ခိုးတာပါ။အမေ့အခန်းက မြေညီထပ်ပါ။မြေညီထပ်တိုက်ခန်းသော့ကိုမခါတ်ပဲချိတ်ရုံချိတ်ထားပြီးအခန်းထဲဝင်ရှင်းနေတဲ့ ၅ မိနစ်လောက်အတွင်းမှာပဲ သူခိုးဟာအိမ်ရှေ့ဧည်ခန်းမှာရှိတဲ့ ပိုက်ဆံအိတ်အကြီးထဲက ပိုက်ဆံထည့်ထားတဲ့ အိတ်အသေးနဲ့ ဝန်ထမ်း ၂ ယောက်ရဲ့ဖုန်းအဟောင်းလေး ၂ လုံးကိုအမြန်မသွားပါတော့တယ်။တိုက်ဆိုင်လိုက်တာများကွာဆိုသလိုပါပဲ။မပြန်တာကြာတဲ့ အိမ်တံခါးဖွင့်အပြီး ၅မိနစ်အတွင်းသူခိုးဟာဧည့်ခန်းကပိုက်ဆံ ၂သိန်း၇သောင်းပါတဲ့အိတ်နဲ့ဖုန်း ၂လုံးကိုမသွားပါတော့တယ်။ အခိုးခံရဖို့ကံပါတာရယ် အမေ့ရဲ့သော့မခါတ်ပဲချိတ်ထားတတ်တဲ့အကျင့်ရယ်နဲ့ ထီပေါက်သွားပါတယ်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Zawgyi version




Credit