Cele News

မင်္ဂလာပွဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေတောင် စုံအောင်မတင်လိုက်ရဘဲ နာတဲ့စိတ်နဲ့တောထဲထွက်ခဲ့တဲ့အကြောင်းပြောလာတဲ့ အောင်မြင့်မြတ်

မင်္ဂလာပွဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေတောင်
စုံအောင်မတင်လိုက်ရဘဲ နာတဲ့စိတ်နဲ့တောထဲထွက်ခဲ့တဲ့အကြောင်းပြောလာတဲ့ အောင်မြင့်မြတ်

ပရိသတ်ကြီးဥပယ်တမျှင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အနုပညာလောကထဲရောက်ရှိလာခဲ့တဲ့သရုပ်ဆောင်အောင်မြင့်မြတ်ကတော့ အာဏာသိမ်းမှူကိုပြည်သူနဲ့အတူလက်မခံဘဲရဲရဲဝင့်ဝင်တွန်းလှန်ခဲ့တဲ့သူတစ်ယောက်ပါ။လက်ရှိမှာအောင်မြင့်မြတ်က လွတ်မြောက်နယ်မြေကို ဇနီးဖြစ်သူနဲ့အတူရောက်ရှိနေတာဖြစ်ပါတယ်။ဒီနေ့ကျရောက်တဲ့သူတို့ရဲ့မဂ်လာနှစ်ပတ်လည်နေ့လေးမှာအောင်မြင့်မြတ်ကအခုလိုပြောပြလာတာဖြစ်ပါတယ်။

20/12/20 မှာမင်္ဂလာဆောင်တယ်။မညားခင်တော့ ညားပြီးရင် ဘယ်လိုထားမယ် ညာလိုထားမယ်ဟိုဟာ ဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပေါ့ဒီနေ့ 20/12/21 မှာ တစ်နှစ်လဲပြည့်ရော ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြပြီ။သူကလဲ ဘာမှမပြောပါဘူး ကောက်ကောက်နောက်ကိုကောက်ကောက်ပါအောင်လိုက်လာတာပါပဲ

မင်္ဂလာပွဲကရိုက်ထားတဲ့ဓာတ်ပုံတွေတောင်
စုံအောင်မတင်လိုက်ရပါဘူး မကျေနပ်ချက်တွေ နာတဲ့စိတ်တွေနဲ့ ထွက်လာကြတာမင်္ဂလာဆောင်ပြီးတာတောင် တစ်နှစ်ပြည့်သွားပါရေနောက်ပိုင်း နှစ်နှစ်ပြည့် သုံးနှစ်ပြည့် အထိမ်းအမှတ်တွေကျရင်တော့ ဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်မိပါသေးတယ် ဆိုပြီးမျှဝေထားတာဖြစ်ပါတယ်။

Zawgyi Version




Credit