Cele News
ငယ်ငယ်လေးနဲ့ ဒုက္ခပေါင်းများစွာကြုံတွေ့ခဲ့ရပေမယ့် ပြိုလဲမသွားအောင် အားပေးကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ နန်းမြတ်
ငယ်ငယ်လေးနဲ့ ဒုက္ခပေါင်းများစွာကြုံတွေ့ခဲ့ရပေမယ့် ပြိုလဲမသွားအောင် အားပေးကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ နန်းမြတ်
ပရိသတ်ကြီးသရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ခင်ပွန်းဖြစ်သူမရှိတော့တဲ့နောက်ပိုင်းဘဝကိုအကောင်းဆုံးကြိုးစားရုံးကန်နေတဲ့သူတစ်ယောက်ပါ။ဒီနေ့မှာတော့ခင်ပွန်းဖြစ်သူလေးလပြည့်တဲ့နေ့လေးမှာအလှူတွေလုပ်ရင်း အခုလိုရင်ဖွင့်လာတာဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းကကြာလည်းမမေ့၊ရှာလည်းမတွေ့၊ငါလည်းတနေ့၊ကြုံလာရတဲ့လောကဓံကြံ့ကြံ့ခံရုံသာဘဝမှာဘာကိုအတောင့်တဆုံးလဲဆိုနိဗ္ဗာန်ပါ။မွေးခြင်းသေခြင်းတွေ့ခြင်းကွဲခြင်းတို့ချုပ်ငြိမ်းရာအမှန်ကိုပဲလိုချင်ပါတော့တယ်။​ဘဝပေါင်းများစွာသံသရာမှာကွဲခြင်းပေါင်းများစွာကြုံလာခဲ့ရတယ်ခုဘဝမှာလဲငယ်ငယ်ရွယ်ရွယ်နဲ့ကြုံတွေ့ခဲ့ရပါပီကိုယ်လဲတနေ့သေရမှာမို့လိုချင်လောဘတွေအတတ်နိုင်ဆုံးလျော့ချပီးသံသရာအတွက်ပဲကြိုးစားချင်မိတာတော့အမှန်ပါ
လောကီတာဝန်ဖြစ်တဲ့သားနဲ့သမီးအတွက်ကြိုးစားရုန်းကန်ပီးရင်တော့ ဘာကိုမှမတောင့်တတော့ပါဘူး။ခုတော့လဲတဏှာကမကုန်သေးတော့ကိုယ့်ရဲ့သားလေးသမီးလေးကိုကောင်းစေချင်တဲ့စိတ်နဲ့အစွမ်းကုန်ကြိုးစားရုန်းကန်ပါဦးမယ်။ဒီတလောအတွင်းအားပေးကြတဲ့ပရိသတ်တွေ၊အလုပ်ပေးကြတဲ့လုပ်ငန်းရှင်တွေ၊ Mummy’s marketplace ကနေစျေးဝယ်ကြတဲ့သူတွေကြောင့်ပြိုလဲမပျက်စီးသွားရတဲ့အတွက်ထိုသူများကိုကျေးဇူးအများကြီးတင်ပါတယ်
ယောက်ျားကျေးဇူးနဲ့လစဉ်အလှူပြုဖြစ်နေတာပေါ့လေ။ဒီနေ့(၄)လပြည့်အတွက် ဆေးပဒေသာပင်၊ဆွမ်းပဒေသာပင်၊ငွေပဒေသာပင်၊ကျောက်ကပ်ဆေးဖို့၊မျက်စိခွဲဖို့စတဲ့အလှူတွေပြုဖြစ်ပါတယ်။အလုပ်အပ်နှံကြတဲ့သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးမျှဝေထားတာဖြစ်ပါတယ်။
Zawgyi version
Credit