Cele News

တတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ရန် ဗစ်တာလီဘစ်ဒက်ရှ်၏ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့ အောင်လအန်ဆန်

တတိယအကြိမ်ယှဉ်ပြိုင်ထိုးသတ်ရန်ဗစ်တာလီဘစ်ဒက်ရှ်၏ စိန်ခေါ်မှုကိုလက်ခံလိုက်တဲ့ အောင်လအန်ဆန်

အောင်လအန်ဆန်နှင့်ဗစ်တာလီဘစ်ဒက်ရှ်တို့သည်ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်ဇန်နဝါရီလအတွင်းကအင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ရာ၌ ငါးချီပြီးဆုံးသည်အထိ နှစ်ဦးစလုံးအလဲမထိုးနိုင်သောကြောင့် ဒိုင်အဆုံးအဖြတ်ဖြင့် ဗစ်တာလီဘစ်ဒက်ရှ်က အနိုင်ရရှိခဲ့သည်။ထို့နောက် (၅)လအကြာဇွန်လအတွင်း၌ မြန်မာနိုင်ငံရန်ကုန်မြို့တွင်ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံခဲ့သည်။

ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံရာတွင်ပထမအကြိမ်တွေ့ဆုံခဲ့စဉ်ကအတိုင်း ငါးချီပြီးဆုံးသည်အထိနှစ်ဦးစလုံးအလဲမထိုးနိုင်သောကြောင့်ဒိုင်အဆုံးအဖြတ်ဖြင့်အောင်လအန်ဆန်ကအနိုင်ရရှိခဲ့သည်။ယင်းပွဲအနိုင်ရရှိမှုမှာအောင်လအန်ဆန်အတွက် ONE MMA ပြိုင်ပွဲများ၌ ပထမဆုံးချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဒီနေ့မှာတော့မြန်မာMMA ဖိုက်တာ အောင်လအန်ဆန်သည် ရုရှား MMA ဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ်၏ တတိယအကြိမ် တွေ့ဆုံယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်မှုကို လက်ခံကြောင်းတုံ့ပြန်ပြောဆိုခဲ့သည်။ဘစ်ဒက်ရှ်ကကျွန်တော့်စိတ်ထဲမှာ နောက်ထပ်ယှဉ်ပြိုင်ထိုးသတ်ချင်တဲ့သူက တစ်ယောက်ပဲရှိတယ်။သူက အောင်လပဲ။ အောင်လရေငါမင်းကိုစောင့်နေမယ်။ဒီကို လာခဲ့ဟုစိန်ခေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။အောင်လအန်ဆန်ကဟိုးလာခဲ့ပါ။ မင်းနဲ့တွေ့ဆုံရမယ်ဆိုရင် ငါစာချုပ်မှာအကြိမ်ကြိမ်လက်မှတ်ထိုးထားပြီးသားပဲဟုပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

Zawgyi Version

ေအာင္လအန္ဆန္ႏွင့္ ဗစ္တာလီဘစ္ဒက္ရွ္တို႔သည္ပထမအႀကိမ္အျဖစ္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလအတြင္းက အင္ဒိုနီးရွားနိုင္ငံတြင္ ေတြ႕ဆုံခဲ့ရာ၌ ငါးခ်ီၿပီးဆုံးသည္အထိ ႏွစ္ဦးစလုံးအလဲမထိုးနိုင္ေသာေၾကာင့္ ဒိုင္အဆုံးအျဖတ္ျဖင့္ ဗစ္တာလီဘစ္ဒက္ရွ္က အနိုင္ရရွိခဲ့သည္။ထို႔ေနာက္ (၅)လအၾကာ ဇြန္လအတြင္း၌ ျမန္မာနိုင္ငံ ရန္ကုန္ ၿမိဳ႕တြင္ ဒုတိယအႀကိမ္ ျပန္လည္ေတြ႕ဆုံခဲ့သည္။

ဒုတိယအႀကိမ္ျပန္လည္ေတြ႕ဆုံရာတြင္ ပထမအႀကိမ္ေတြ႕ဆုံခဲ့စဥ္ကအတိုင္း ငါးခ်ီၿပီးဆုံးသည္အထိ ႏွစ္ဦးစလုံးအလဲမထိုးနိုင္ေသာေၾကာင့္ ဒိုင္အဆုံးအျဖတ္ျဖင့္ ေအာင္လအန္ဆန္က အနိုင္ရရွိခဲ့သည္။ယင္းပြဲ အနိုင္ရရွိမႈမွာ ေအာင္လအန္ဆန္အတြက္ ONE MMA ၿပိဳင္ပြဲမ်ား၌ ပထမဆုံးခ်န္ပီယံခါးပတ္ကို ပိုင္ဆိုင္ရရွိခဲ့ျခင္းျဖစ္သည္။

ဒီေန႕မွာေတာ့ျမန္မာ MMA ဖိုက္တာ ေအာင္လအန္ဆန္သည္ ႐ုရွား MMA ဖိုက္တာ ဗစ္တာလီဘစ္ဒက္ရွ္၏ တတိယအႀကိမ္ ေတြ႕ဆုံယွဥ္ၿပိဳင္ထိုးသတ္ရန္ စိန္ေခၚမႈကို လက္ခံေၾကာင္းတုံ႕ျပန္ေျပာဆိုခဲ့သည္။ဘစ္ဒက္ရွ္ကကြၽန္ေတာ့္စိတ္ထဲမွာ ေနာက္ထပ္ယွဥ္ၿပိဳင္ထိုးသတ္ခ်င္တဲ့သူက တစ္ေယာက္ပဲရွိတယ္။သူက ေအာင္လပဲ။ ေအာင္လေရ ငါ မင္းကိုေစာင့္ေနမယ္။ ဒီကို လာခဲ့’ဟုစိန္ေခၚေျပာဆိုခဲ့ျခင္းျဖစ္သည္။ေအာင္လအန္ဆန္ကဟိုးလာခဲ့ပါ။ မင္းနဲ႕ေတြ႕ဆုံရမယ္ဆိုရင္ ငါ စာခ်ဳပ္မွာ အႀကိမ္ႀကိမ္ လက္မွတ္ထိုးထားၿပီးသားပဲ’ဟု ျပန္လည္တုံ႕ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

Credit