Cele News

ဘယ်လမ်းပဲလျှောက်လျှောက် အမှန်တရားဘက်ကအမြဲရပ်တည်နေဖို့ဘဲလိုကြောင်း ပြောပြလာတဲ့ သတင်းကြော်ငြာသူ ကိုကျော်သက်လင်း

ဘယ်လမ်းပဲလျှောက်လျှောက် အမှန်တရားဘက်ကအမြဲရပ်တည်နေဖို့ဘဲလိုကြောင်းပြောပြလာတဲ့ သတင်းကြော်ငြာသူကိုကျော်သက်လင်း

ပရိသတ်ကြီးရေMRTV ကနေအစောဆုံး CDM လုပ်ခဲ့ပြီးလွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ကိုကျော်သက်လင်းက ကဗျာလေးတစ်ပုဒ်နဲ့ရဲဘောတွေအားလုံးစည်းစည်းလုံးလုံးနဲ့ရှေ့ဆက်ကြဖို့ပြောပြထားတာဖြစ်ပါတယ်။လမ်းဖြောင့်နေတဲ့လမ်း၊ကောက်ကွေ့တဲ့လမ်းငါတို့လျှောက်နေတဲ့လမ်း၊သွေ့ခြောက်နေတဲ့လမ်း၊ခက်ထော်ကြမ်းတမ်းတဲ့လမ်း၊ပန်းပင်၊ မြက်ခင်းစီရရီနဲ့လမ်း၊ငါတို့လျှောက်နေတဲ့လမ်း၊လမ်းဟာ မှန်းစရာမလိုလျှောက်နေသရွေ့တော့ ပျောက်သွားတယ်ဆိုတာသမိုင်းမှာမရှိဘူး။ပန်းတိုင်လည်းအရှိသားလမ်းကြောင်းလည်းသိသားနဲ့မလျှောက်ချင်သူတွေကိုတော့ ထားပစ်ခဲ့ကြ

အပြေးအလွှားပဲသွားသွား၊တရွေ့ရွေ့ပဲလျှောက်လျှောက်လမ်းထက်မှာရောက်ပြီးဆိုရပ်မနေဖို့ပဲလိုတာလျှောက်နေရင် ရောက်ကြတာချည်းပဲ။ငြီးငြူနေဖို့အချိန်မရှိဘူး၊မောရင်တော့ ခဏနားဆာလောင်လာရင် ခဏစားပြီးရင်ဆက်သာသွားလမ်းဘေးကိုတော့ ဆင်းမသွားနဲ့၊ဒီလမ်းထက်တင်ခဲ့တဲ့ခြေလှမ်းတိုင်းကဒီလမ်းသမိုင်းမှာ ကမ္ဗည်းထိုးခံရမယ်။

လှမ်းခဲ့ကြတဲ့လမ်းတလျှောက်ပွေ့ဖက်ပြီးသွားသွားတွဲကူပြီးပဲလျှောက်လျှာက်နောက်ဆုံး ထိုးရင်းကြိတ်ရင်းရောက်ခဲ့တောင်လမ်းကိုသစ္စာမဖောက်ခြင်းပဲ၊လမ်းကို သစ္စာစောင့်သရွေ့တော့ပန်းတိုင်က မရွေ့ဘူးမင်းဆက်သာလျှောက်။ကဗျာဆရာ သားဇာနည် ရဲ့ကဗျာလေးပါတဲ့မိတ်ဆွေတစ်ယောက်ကပို့ပေးတာ နှစ်သက်လို့ပါ။ကျနော်ချစ်တဲ့ပြည်တွင်းပြည်ပကနိုင်ငံသူနိုင်ငံသားအပေါင်းတို့ကိုလည်းကပ်ဆိုး ဘေးဆိုးကနေအမြန်ဆုံးကင်းလွတ်ပါစေကြောင်းနဲ့ ကျမ်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်ဗျာ။

Zawgyi Version




Credit