Cele News

သမီးလေးရဲ့ ရက်(၁၀၀)ပြည့်မွေးနေ့လေးမှာ ဆုတောင်းပေးရင်း ချစ်ဇနီးလေးကိုပါ တော်ကီတွေနဲ့ အပီချုပ်လိုက်တဲ့ သရုပ်ဆောင်နက္ခက်

သမီးလေးရဲ့ ရက်(၁၀၀)ပြည့်မွေးနေ့လေးမှာ ဆုတောင်းပေးရင်း ချစ်ဇနီးလေးကိုပါတော်ကီတွေနဲ့အပီချုပ်လိုက်တဲ့သရုပ်ဆောင်နက္ခက်

ပရိသတ်ကြီးရေMRTV 4 မင်းသားတစ်လက်ဖြစ်တဲ့နက္ခက်ကတော့ဇာတ်လမ်းတွဲတွေကနေလူသိများအောင်မြင်လာတဲ့သူတစ်ယောက်ပါ။ဒီနေ့မှာတော့သရုပ်ဆောင်နက္ခက်ကသမီးလေးရဲ့ရက်၁၀၀ပြည့်မှာအခုလိုဆုတောင်းပေးလာတာဖြစ်ပါတယ်။သရုပ်ဆောင်နက္ခက်ကမိန်းမရေ ဒီနေ့ကကိုယ်တို့နှစ်ယောက်ရဲ့ သမီး လေး ရက်၁၀၀ပြည့်မွေးနေ့လေးနော်။ကိုယ်က အခုချိန်မှာ မိန်းမနဲ့သမီးလေးရဲ့ရှေ့ရေးအတွက်အလုပ်ကြိုးစားရဖို့အဝေးတစ်နေရာကိုရောက်နေပေမဲ့ကိုယ့်စိတ်တွေနှလုံးသားတွေကကိုယ့်မိန်းမနဲ့ သမီးလေးအနားမှာတစ်ချိန်လုံးရှိနေတာပါ

ကိုယ်နဲ့ မင်းနဲ့အတူတူဖြတ်သန်းခဲ့ကြတဲ့အိမ်ထောင်၅နှစ်ကာလအတွင်း မှာမင်းကိုယ့်အပေါ်မှာနားလည်ပေးနိုင်မှုတွေကကိုယ်ဘယ်လိုဘဲ တွေးတွေး၊ရင်နဲ့ မဆံ့အောင်များပြားလွန်းပါတယ်။ဖြတ်သန်းခဲ့တဲ့အချိန်ကာလတစ်ခုမှာကိုယ်တို့ကြုံတွေ့ခဲ့ရတာတွေ က သိပ်ကို ခါးသီးလွန်းပါတယ်။ဘဝဆိုတာလောကဓံရှစ်ပါးကိုကောင်းကောင်းကြီးခံရမယ်ဆိုတာကိုယ်သိပေမဲ့တကယ်လက်တွေ့ ခံစားရတဲ့အချိန်ကျတော့တော်တော်ကိုနာကျင်ရတယ်။မိန်းမရယ်ကိုယ်မင်းနဲ့ အတူတူ ရှေ့ဆက်မဲ့ဘဝခရီးအတွက် လိုအပ်တဲ့အရာတွေ ကိုကိုယ့်မှာရှိတဲ့ကိုယ်စွမ်းဥာဏ်စွမ်းရှိတာထက်ပိုပြီးကိုယ်ကြိုးစားမှာပါ။နာကျင်မှုတွေ နာကျင်စရာတွေနဲ့ပြည့်နေတဲ့ဒီလောကကြီးထဲမှာမိန်းမနဲ့သမီးလေးကကိုယ့်အတွက်ဘုရားပေးတဲ့ဆုလာဘ် ပါ။

ကိုယ်မင်းနဲ့ မတွေ့ခင် အချိန် ကာလတစ်ခုမှာ
ကိုယ်နေထိုင်ခဲ့တဲ့ ပုံစံကို မင်းနဲ့ တွေ့ပြီးမှ ကိုယ် အစစအရာရာ ပြောင်းလဲနိုင်ခဲ့တယ်။ဒီထက်ပိုပြီး ကောင်းသောပြောင်းလဲခြင်းတွေနဲ့တည်ရှိဖို့ ကိုယ် ကြိုးစားနေ မှာပါ။ဒီနေ့ ရက်၁၀၀ ပြည့်မွေးနေ့လေး မှာသမီးလေးရဲ့ ဘဝတစ်လျှောက်လုံး အစစအရာရာအဆင်ပြေ ချောမွေ့ပြည့်စုံပါစေလို့ ဖေဖေဆုတောင်းပေးပါတယ်သမီးလေးရဲ့ ဖေဖေနက္ခတ်ဆိုပြီးဆုတောင်းပေးထားတာဖြစ်ပါတယ်။

Zawgyi Version




Credit