Cele News

အမြင်မတော်တာရှိရင် ဆုံးမပေးပါလို့ ပရိတ်သတ်တွေကို တောင်းဆိုလာတဲ့ သရုပ်ဆောင်နန်းစန္ဒာလှထွန်း

အမြင်မတော်တာရှိရင် ဆုံးမပေးပါလို့ ပရိတ်သတ်တွေကို တောင်းဆိုလာတဲ့သရုပ်ဆောင်နန်းစန္ဒာလှထွန်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်နန်းစန္ဒာလှထွန်းကအမြင်မတော်တာရှိရင်ဆုံးမပေးပါလို့ပရိတ်သတ်တွေကိုအခုလိုတောင်းဆိုလာခဲ့ပါတယ်နော်။သရုပ်ဆောင်နန်းစန္ဒာလှထွန်းကဟိုးလွန်ခဲ့တဲ့2017 ဆိုတော့လွန်ခဲ့တဲ့၅နှစ်ကပေါ့၊အနုပညာနဲ့ပတ်သတ်ရင်ရူးသွပ်ပြီးကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်လွန်းလို့ကိုယ့်ရဲ့စီနီယာတွေကိုကြည့်ပြီးသူတို့မှာရှိတဲ့ပညာတွေလိုချင်လွန်းလို့Experienceဆိုတဲ့အရာကို ငွေနဲ့ဝယ်လို့ရရင်သိပ်ကောင်းမှာပဲလို့တွေးပြီးမျက်ရည်ကျခဲ့ဖူးတယ်။

ကိုယ်မျက်ရည်ကျခဲ့တဲ့အကြောင်းကအဲ့ဒီexperienceဆိုတဲ့အရာကအချိန်တွေကနေပဲသင်ယူလေ့လာနိုင်မယ်ဆိုတာသိလို့ကိုယ့်ကို အားမလိုအားမရဖြစ်ခဲ့တာ၊အခုချိန်မှာတော့အဲ့ဒီ experienceကြောင့်ရလာတဲ့Talentတွေအချိန်ရဲ့တန်ဖိုးတွေကိုကျမတဖြည်းဖြည်းနဲ့သိလာပြီ သဘောပေါက်လာခဲ့ပြီ။

ရင်းခဲ့ရတဲ့အချိန်တွေသိပ်တန်ဖိုးရှိတယ်ဆိုတာကျမလက်တွေ့မြင်ခဲ့ရပြီ၊ဆက်ကြိုးစားပါ့မယ်အမြင်မတော်တာရှိလည်းဆုံးမပေးကြပါလို့ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Version




Credit