Cele News

သူမနဲ့နာမည်တူ သူနာပြုဆရာမလေးရဲ့ PPE ဝတ်စုံပေါ်က စာလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေရတဲ့ ဝတ်မှုံရွှေရည်

သူမနဲ့နာမည်တူ သူနာပြုဆရာမလေးရဲ့ PPE ဝတ်စုံပေါ်က စာလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေရတဲ့ ဝတ်မှုံရွှေရည်

 

ခလေးဆန်ပြီးချစ်ဖို့ကောင်းတဲ့မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ပီပြင်ပြီးသဘာဝကျအောင်သရုပ်ဆောင်နိုင်တဲ့ ထိပ်တန်းမင်းသမီးတလက်ဖြစ်ပါတယ်။အကယ်ဒမီထူးချွန်ဆုတွေလည်းသိမ်းပိုက်ထားပြီး နိုင်ငံတကာထိပါအောင်မြင်နေတဲ့သူတယောက်ဖြစ်ပါတယ်။မင်းသမီးဝတ်မှုန်ရွှေရည်ကတော့ အလှူအတန်းလည်း ရက်ရောသလို မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်ပေးနေတာဘဲဖစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားပေမယ့်ဝတ်မှုံရွှေရည်က သူမရဲ့လှုပ်ရှားမှုပုံရိပ်အချို့ကိုလူမှုကွန်ယက်စာမျက်နှာမှာချပြရင်း ပရိသတ်တွေရဲ့ထိတွေ့နိုင်ဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ဒါပေမယ့်ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်ကသူမနဲ့ နာမည်တူသူနာပြုလေးတစ်ယောက်ရဲ့ပုံရိပ်ကိုချပြလာပါတယ်။ဝတ်မှုံရွှေရည်ကရှေ့တန်းကနေလူနာတွေကိုကုသမှုပေးနေတဲ့ သူနာပြုလေးရဲ့ PPE ဝတ်စုံပေါ်ကဆရာမ ဝတ်မှုံရွှေရည်ဆိုတဲ့ စာသားလေးကြောင့်ဂုဏ်ယူမဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ကိုဗစ်ကာလမှာရှေ့တန်းကနေကာကွယ်စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုပြုလုပ်ပေးခဲ့သလို အခြေခံလူတန်းစားတွေအတွက်လည်း စားနပ်ရိက္ခာများကူညီဝေငှပေးခြင်းများကိုလည်းဆောင်ရွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd.