Local News

ပရဟိတကားနဲ့တိုက်မိပြီး ကြွေလွှင့်သွားတဲ့ လူငယ်လေးရဲ့နောက်ဆုံးခရီးမှာ ပရဟိတအသင်းသားအားလုံး ဒူးထောက်တောင်းပန်

ပရဟိတကားနဲ့တိုက်မိပြီး ကြွေလွှင့်သွားတဲ့ လူငယ်လေးရဲ့နောက်ဆုံးခရီးမှာ ပရဟိတအသင်းသားအားလုံး ဒူးထောက်တောင်းပန်

ဖြစ်စဥ်မှာ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ကိုဗစ်ရောဂါရှိသူတဲ့ ထိတွေ့ခဲ့သူတစ်ဦးကို ပရဟိတအသင်းမှာသွားရောက်ခေါ်ဆောင်စဥ် မြို့အတွင်းမီးပွိုင့်တခုမှာ ပရဟိတယာဥ်နဲ့ ဆိုင်ကယ်တို့မတော်တဆတိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အသက်ဆုံးရှုံးခဲ့ရတာဘဲဖြစ်ပါတယ်။အဆိုပါ သေဆုံးမှုကို မြိတ်မြို့ရှိလူမှုကူညီရေးအဖွဲ့များရှိ လူမှုကူညီရေးအသင်းသူ/အသင်းသားများက သေဆုံးသူ၏နောက်ဆုံးခရီး၌ခွင့်လွှတ်ပေးရန် ဒူးထောက်၍တောင်းပန်ခဲ့ကြပါတယ်။

ကိုဗစ်ရောဂါရှိသူနဲ့ထိတွေ့ခဲ့သူတစ်ဦးကို သွားခေါ်တဲ့ယာဉ်နဲ့မီးပွိုင့်မှာဆိုင်ကယ်မောင်းတဲ့ ကောင်လေးနဲ့တိုက်မိပြီးကောင်လေးဆုံးသွားတယ်။ဆုံးသွားတော့ သူ့ရဲ့နာရေးမှာနာရေးကူညီမှု အသင်းအားလုံးကဒူးထောက်ပြီးသုသာန်အဝင်မှာတောင်းပန်တာပါလို့ မြိတ်မြို့တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းကပြောပါတယ်။

ထို့အတူအဆိုပါသေဆုံးမှုဖြစ်စဉ်အပေါ် မြိတ်မြို့ရှိ လူမှုရေးအဖွဲ့ အသင်းသူ/သားများကစာနာ နားလည်ခွင့်လွှတ်နိုင်ကြပါစေဟုမျော်လင့်ရုံမှတစ်ပါးအခြားမရှိပြီ။စာနာနားလည်ခွင့်လွှတ်နိုင်ပါစေ။ ပြင်သင့်တာကိုပြင်ပါမယ်စသည်ဖြင့် ၎င်းးတို့၏လူမှုကွန်ရက်စာမျက်နှာ၌ရေးသားထားပါတယ်။