Cele News

သရုပ်ဆောင်နန်းဆုရတီစိုးမှ အမေများအဖွဲ့ကို အလှူငွေကျပ်သိန်း(၂၀)နဲ့ အခြားလိုအပ်တဲ့အရာတွေ လှူဒါန်း

သရုပ်ဆောင်နန်းဆုရတီစိုးမှ အမေများအဖွဲ့ကို အလှူငွေကျပ်သိန်း(၂၀)နဲ့ အခြားလိုအပ်တဲ့အရာတွေ လှူဒါန်း

ဗွီဒီယိုဇာတ်ကားပေါင်းများစွာလည်းပါဝင်ရိုတ်ကူးခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှုအပြည့်အဝရရှိထားတဲ့ နန်းဆုရတီစိုးကတော့ အနုပညာနယ်ပယ်မှာအောင်မြင်ယုံသာမက အလွမ်းသီချင်းကောင်းလေးတွေနဲ့ ဂီတနယ်ပယ်မှာလည်းပရိတ်သတ်အကြိုက်တွေ့ခဲ့တာဘဲဖြစ်ပါတယ်။ဖြူစင်တဲ့စိတ်ထားလေးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကြောင့် ပရိတ်သတ်ကအချစ်ပိုနေတာလည်းဖြစ်ပါတယ်။

သူမကအသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပလွန်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဖြူဝင်းဥတဲ့အသားရည်လေးရယ်သွယ်လျကျစ်လစ်ပြီးအဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာကြောင့်မိန်းကလေးတိုင်းအားကျနှစ်သက်ချစ်ခင်နေရသူလေးဆိုလည်းမမှားပါဘူးနော်။လူကြီးလူငယ်မရွေးအားပေးချစ်ခင်ကြတဲ့ နန်းဆုကယနေ့မှာတော့အလှူကြီးတစ်ခုကို ပြုလုပ်ခဲ့တာပါ။

ကတော့ နန်းဆုကအမေများအဖွဲ့နှင့် မိတ်ဖက်မီဒီယာများကို ဆန်၊ဆီ၊လက်ဆေးဆပ်ပြာ၊ပန်းကန်ဆေးဆပ်ပြာနှင့် alcohol spray များဖြင့် သဂါရဝပြုပြီးအမေများအဖွဲ့ရဲ့ထာဝရပဒေသာပင်အတွက်အလှူငွေကျပ်သိန်း၂၀ လှူဒါန်းခဲ့ပါတယ် ဆိုပြီးရေးသားကာအလှူပြုတဲ့ ပုံရိပ်အလှလေးတွေကိုလူမှုကွန်ယက်ထက်မှာဝေမျှလာတာဖြစ်လို့ချစ်ပရိသတ်တွေကြည့်ရှုအချစ်ပိုစေရန်အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source – Nan Su Yati Soe