Cele News

တစ်ချိန်တုန်းက အနုပညာလောကမှာ ရေပန်းစားပြီး အောင်မြင်မှုရရှိခဲ့တဲ့အမှတ်တရတွေကို မျှဝေလာတဲ့ ဦးကျော်သူ

တစ်ချိန်တုန်းက အနုပညာလောကမှာ ရေပန်းစားပြီး အောင်မြင်မှုရရှိခဲ့တဲ့အမှတ်တရတွေကို မျှဝေလာတဲ့ ဦးကျော်သူ

တခေတ်တခါက နှာခမ်းနီမလေးတွေအသည်းစွဲအားပေးတဲ့ မင်းသားကြီးဦးကျော်သူကတော့ အနုပညာလောကမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတွေနဲ့အတူ အောင်မြင်မှုအထွတ်အထိပ်ကိုရရှိခဲ့တဲ့သူတယောက်ပါ။ယခုအချိန်မှာတော့ ဦးကျော်သူကအများအကျိုးအတွက်ပရဟိတလုပ်ငန်းတွေမှာ ဦးဆောင်ပြီးလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်းဦးကျော်သူကအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်နဲ့ပြန်လည်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။အများအကျိုးအတွက်သယ်ပိုးနေတာကြောင့်ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကလည်းလေးစားချစ်ခင်နေရတာဖြစ်ပါတယ်။ယခုမှာလည်းဦးကျော်သူကပရိသတ်တွေချစ်အားပိုလောက်မယ့်ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေကတော့သူ့ရဲ့ခေတ်အဆက်ဆက် အောင်မြင်မှုတွေရရှိခဲ့တဲ့ငယ်ဘဝကပုံလေးတွေနဲ့ ယနေ့ပရဟိတလုပ်ကိုင်ပေးနေတာကိုယှဥ်တွဲဖော်ပြပေးထားတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးရေပရဟိတမင်းသားကြီးဦးကျော်သူရဲ့မေ့မရခဲ့တဲ့အမှတ်တရပုံလေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Kyaw Thu