Cele News

အောင်မြင်နေတဲ့အဆိုတော်ဖြစ်ပေမဲ့ အကြော်ရောင်းတဲ့အလုပ်ကိုမစွန့်လွှတ်ဘဲ ချစ်ဇနီးနဲ့အတူ မောင်တစ်ထမ်းမယ်တစ်ရွက်လုပ်ကိုင်နေတဲ့ သားငယ်

အောင်မြင်နေတဲ့အဆိုတော်ဖြစ်ပေမဲ့ အကြော်ရောင်းတဲ့အလုပ်ကိုမစွန့်လွှတ်ဘဲ ချစ်ဇနီးနဲ့အတူ မောင်တစ်ထမ်းမယ်တစ်ရွက်လုပ်ကိုင်နေတဲ့ သားငယ်

Myanmar Idol Season 2 မှာပရိတ်သတ်တွေတခဲနက်အားပေးကြတဲ့အဆိုတော်သားငယ်ကတော့ အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကိုသီဆိုရင်း idol ရဲ့ winner ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဘဲဖြစ်ပါတယ်။နောက်ပိုင်းမှာကိုယ်ပိုင်သီချင်းခွေထွက်ထားပြီး ဂီတလမ်းကြောင်းပေါ်မှာအောင်မြင်နေတဲ့အဆိုတော်တယောက်ဘဲဖြစ်ပါတယ်။

အရင်ကချစ်ဇနီးချောလေးနဲ့အတူအကြော်ရောင်းခဲ့တဲ့သားငယ်ကအခုလိုအောင်မြင်နေတဲ့အချိန်မှာတောင်သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကိုတန်ဖိုးထားကာလုပ်ကိုင်နေဆဲဖြစ်ပါတယ်။သားငယ်တို့ဇနီးမောင်နှံကအလုပ်လုပ်တဲ့နေရာမှာလည်းမောင်တစ်ထမ်းမောင်တစ်ရွက် ဆောင်ရွက်တတ်တာကြောင့်ပရိသတ်တွေကပါ သဘောကျနေရတာဖြစ်ပါတယ်။အခုလည်း သားငယ်ကချစ်ဇနီးနဲ့ပုံရိပ်လေးတွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။

သားငယ်ကပဲစိမ့်ကြော်ရောင်းမယ်ဟေ့Live လွှင့်ပြီးရောင်းရမလား၊Delivery နဲ့ ပို့ရမလား ဆိုပြီး အကြော်ရောင်းတဲ့လုပ်ငန်းမှာပျော်ရွှင်နေတဲ့ပုံလေးတွေကိုတင်ထားတာဖြစ်ပါတယ်။ပကာသနတွေကင်းတဲ့သားငယ်တို့ဇနီးမောင်နှံရဲ့ဘဝလေးကတော့အရမ်းကိုအေးချမ်းပြီးပျော်စရာကောင်းနေတာပဲဖြစ်ပါတယ်။ကဲချစ်ပရိသတ်တွေအတွက်အဆိုတော်သားငယ်တို့စုံတွဲရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Thar Nge