Cele News

ရုပ်ရှင်အစည်းရုံးကဝန်ထမ်းတွေအတွက်စားသောက်ကုန်နဲ့ လက်ဝတ်ရတနာတွေ လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ရုပ်ရှင်အစည်းရုံးကဝန်ထမ်းတွေအတွက်စားသောက်ကုန်နဲ့ လက်ဝတ်ရတနာတွေလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆိုပီပြင်အောင်သရုပ်ဆောင်ပြီး သဘာဝကျတဲ့မင်းသားခန့်စည်သူကတော့ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့သူတယောက်ပါ။ခန့်စည်သူကတော့ မေတ္တာသိင်္ဂဟအဖွဲ့လေးကိုထူထောင်ထားပြီးလိုအပ်တဲ့နေရာတွေမှာ မကြာခဏဆိုသလိုလှူဒါန်းမှုတွေပြုလုပ်နေတာဘဲဖြစ်ပါတယ်။

သရုပ်ဆောင်ခန့်စည်သူနဲ့အခြားအနုပညာမောင်နှမများကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဝန်ထမ်းများကိုသွားရောက်လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဝန်ထမ်းများအတွက်ရွှေလက်စွပ် ရွှေနားကပ် ဆန်ဆီနဲ့စားသောက်ကုန်များသွားရောက်လှူဒါန်းခဲ့တာပါ။ခန့်စည်သူနဲ့အနုပညာမောင်နှမ တစ်စုရဲ့လှူဒါန်းမှုပုံရိပ်လေးတွေကိုဆယ်လီကမ္ဘာမီဒီယာကသွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့အလှူရေစက်လက်နဲ့မကွာ အမြဲလှူဒါန်းနေတတ်တဲ့ခန့်စည်သူရဲ့အလှူလေးအတွက်သာဓုတွေခေါ်ဆိုခဲ့ကြသလိုဒီထက်မက လှူနိုင်ပါစေဆိုတဲ့ဆုမွန်ကောင်းတွေအများကြီးပေးခဲ့ကြပါတယ်။ခန့်စည်သူကိုလေးစားချစ်ခင်ကြတဲ့ပရိသတ်ကြီးအတွက်လည်းအလှူပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Cele Gabar