Cele News

မအောင်မြင်ခင်က နယ်မှာသီချင်းသွားဆိုဖို့ ဂေါ်ဖီထုတ်တွေတင်လာတဲ့ရထားပေါ် ခက်ခက်ခဲခဲလိုက်ခဲ့ရပုံတွေကိုပြောပြလာတဲ့ စိုင်းစိုင်

မအောင်မြင်ခင်က နယ်မှာသီချင်းသွားဆိုဖို့ ဂေါ်ဖီထုတ်တွေတင်လာတဲ့ရထားပေါ် ခက်ခက်ခဲခဲလိုက်ခဲ့ရပုံတွေကိုပြောပြလာတဲ့ စိုင်းစိုင်း

နှာခမ်းနီမလေးတွေအသည်းစွဲအားပေးတဲ့အဆိိုတော်စိုင်းစိုင်းကတော့ ဆယ်စုနှစ်ကြာအောင်မြင်မှုတွေထိမ်းသိမ်းထားနိုင်သူတယောက်ပါ။ပရိတ်သတ်တွေရင်ထဲရောက်အောင် သီချင်းတွေကိုသီဆိုနိုင်သူပါ။စိုင်းစိုင်းဟာအသက်(၄၀) ကျော်လို့ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုနေတာဟာလည်းဘုရားပေးတဲ့ဆုလာဘ်တစ်ခုပါပဲနော်။ အနုပညာအလုပ်ပါမကကိုယ်ပိုင်စီးပွားရေးမှာလည်း အောင်မြင်မှုတွေကိုရယူပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကတော့ အမြဲကို လေးစားအားကျနေရတာလည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့အရင်မအောင်မြင်ခင်က ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲအကြောင်းလေးတွေကိုစိတ်ဝင်စားဖွယ်ခုလိုဖော်ပြခဲ့ပါတယ်။အချိန်ကာလအားဖြင့်ကျနော်တို့အားလုံး အဆိုတော်ဖြစ်ဖို့တစ်နှစ်အလိုမှာတောင်ကြီးတန်ဆောင်တိုင်သွားကြတယ်။ကျနော်ရယ်အနဂ္ဂရယ် Rဇာနည်ရယ်အောင်မြတ်ရယ်အနဂ္ဂအမေကကျနော်တို့ကိုရထားလက်မှတ်ဝယ်ပေးလိုက်တယ်။

ရိုးရိုးတန်းရထားပေါ်မှာဂေါ်ဖီထုပ်တွေအပြည့်နဲ့ ကျနော်တို့တစ်ညလုံးဂေါ်ဖီထုပ်တွေပေါ် အိပ်ရင်းလိုက်သွားတာနောက်နေ့နေ့လည်မှသာစည်ရောက်တယ်။အဲလိုနဲ့သာစည်ကနေလိုင်းကားစီးပြီးတောင်ကြီးကိုရောက်ပေါ့ရန်ချန်းရယ်သီဟကြီးရယ်ဟိန်းဇော်ရယ်(ဇေယျာသော်ပါသလား မမှတ်မိဘူး)က Double Capကားအနောက်မှာ အမိုးမပါအကာမပါနဲ့လိုက်လာတယ်။တောင်ကြီးမှာကျနော်တို့အိမ်ကားဂိုဒေါင်အပေါ်မှာစုပြီး အိပ်ကြတယ်အုတ်ကန်ထဲကရေခပ်ချိုးရတာ ရန်ချန်းကငါ့ခေါင်းပေါ် အပ်တွေလောင်းချသလိုပဲတဲ့။

အဲ့နှစ်ကကျောက်တိုင်ကွင်းမှာ Emperor တီးတာ အနဂ္ဂကဦးညီထွဋ်သီချင်းမှာ Rap တစ်ပိုဒ်ဝင်ဆိုတာကျနော်လည်းငေးမောအားကျမီးပုံးပျံပွဲက စက်မှုကွင်းမှာလုပ်တာနောက်ရက်ကျတော့ မသီရိဂျေမောင်မောင်က IC နဲ့ အဲ့မှာဆိုတယ်ကျနော်လည်းမသီရိနဲ့ Featuring ကပ်ဆိုရတယ်ပျော်လိုက်တာနေ့လည်ဆိုတောင်ကြီးတက္ကသိုလ်က သူငယ်ချင်းတွေနဲ့ Canteen မှာသွားထိုင် ညဆိုတစ်ညလုံးပွဲခင်းထဲပတ်။

အနဂ္ဂကပိုအေးအောင်လို့ဆိုပြီးတီရှပ်နဲ့လျှောက်သွားနေတာတောင်ကြီးမှာ ဘယ်နှစ်ရက်နေခဲ့လည်းမမှတ်မိဘူး ၅ ရက်လားတစ်ပတ်လား ဒါပေမဲ့ ဒီခရီးစဉ်ကတကယ့်ကိုအမှတ်တရပဲ။ရန်ကုန်အပြန်မှာဒေသထွက် ဟင်းသီးဟင်းရွက်တွေသယ်လာတာလည်း မှတ်မိတယ်ဒီနှစ် ACID နှစ် ၂၀ပြည့်ပြီတဲ့ဒါဆို ကျနော့်ချောကလက်ရောင်ရေခဲအိမ်မက်ထွက်တာလည်းနှစ် ၂၀ ပြည့်ပြီ Radioကအနှစ် ၂၀ တေးများဆိုတဲ့အစီအစဉ်မှာပါလို့ရသွားပြီ ဒီစာလေးကနှစ် ၂၀ ပြည့် Acid Rဇာနည်ကျနော်နဲ့ တောင်ကြီးအမှတ်တရပေါ့ဗျာ(ဓာတ်ပုံ -တစ်ပုံမှမရှိ )ဆိုပြီးစိတ်ဝင်စားဖွယ်ရေးထားရာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။

Source – Sai Sai