Cele News

အမာခံပရိသတ်တွေနဲ့အတူစုပေါင်းပြီး ပြုလုပ်တဲ့ ကထိန်အလှူပွဲမှာ ငွေကျပ်သိန်း(၁၇၀)ကျော် လှူဒါန်းခဲ့တဲ့ ဖြိုးမြတ်အောင်

အမာခံပရိသတ်တွေနဲ့အတူစုပေါင်းပြီး ပြုလုပ်တဲ့ ကထိန်အလှူပွဲမှာ ငွေကျပ်သိန်း(၁၇၀)ကျော် လှူဒါန်းခဲ့တဲ့ ဖြိုးမြတ်အောင်

နယ်မြို့လေးကနေ ရန်ကုန်တတ်လာပြီးအဆိုတော်တယောက်ဖြစ်ဖို့ရည်မှန်းရင်း Myanmar Idol Season 3မှာဝင်ပြိုင်ရင်း winner ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့သူကတော့ အဆိုတော်ဖြိုးမြတ်အောင်ဘဲဖြစ်ပါတယ်။အသံပါဝါအားကောင်းကောင်းနဲ့သီဆိုနိုင်တဲ့သူမို့ ပရိတ်သတ်တွေအားပေးမှုအပြည့်အဝရရှိခဲ့တာပါ။အဆိုတော်ဖြိုးမြတ်အောင်ကတော့ဘာသာရေးလိုက်စားသူပီပီအလှူအတန်းတွေအမြဲပြုလုပ်တတ်သူပါ။ဒီတစ်ခေါက်မှာလည်းဖြိုးမြတ်အောင်ကသူ့ရဲ့ PMA Family နဲ့အတူတူစုပေါင်းဘုံကထိန်ပြုလုပ်ခဲ့ကြောင်း အခုလိုပဲပြောပြလာပါတယ်။

ဖြိုးမြတ်အောင်ကတောင်ညိုလေး ကထိန်အလှူ ရေစက်ချမင်္ဂလာကျွန်တော်တို့မိသားစုအပါအဝင်ခုနစ်ရက်သားသမီးမိသားစု၊PMA Family မိသားစုအားလုံး၏စုပေါင်းလှူဒါန်းငွေကျပ်သိန်း(၁၇၀)ကိုလှူဒါန်းနိုင်ခဲ့ပါပြီ။အားလုံးပဲကပ်ရောဂါများ၊သဘာဝဘေးများမှကင်းဝေးကြပြီး မဂ်ဖိုလ်နိဗ္ဗာန်အထောက်ပံ့ရကြပါစေဆိုပြီးသူ့ရဲ့ကုသိုလ်လေးကိုဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့်ပြောပြလာပါတယ်။

ဖြိုးမြတ်အောင်ကတော့ PMA Familyနဲ့အတူတူ စုပေါင်းပြီးကထိန်အလှူရေစက်ချပွဲမှာငွေသိန်းပေါင်း(၁၇၀)ကျော်ကိုလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းဖြိုးမြတ်အောင်ရဲ့ကုသိုလ်အလှူလေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source – Phyo Myat Aung