Cele News

မွေးရာပါနှလုံးရောဂါကို ငွေမတတ်နိုင်လို့ ဆေးမကုနိုင်ခဲ့တဲ့အပြင် ပညာအရမ်းတတ်ချင်ပေမယ့် ကျောင်းဆက်မတက်နိုင်ခဲ့တဲ့ဘဝကိုပြောပြလာတဲ့ ထက်ထက်

မွေးရာပါနှလုံးရောဂါကိုငွေမတတ်နိုင်လို့ဆေးမကုနိုင်ခဲ့တဲ့အပြင် ပညာအရမ်းတတ်ချင်ပေမယ့်ကျောင်းဆက်မတက်နိုင်ခဲ့တဲ့ဘဝကိုပြောပြလာတဲ့ ထက်ထက်

တခေတ်တခါကကြောငြာဘုရင်မလို့တင်စားခေါ်ဝေါ်ရတဲ့အထိ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့မင်းသမီးကြီးထက်ထက်မိုးဦးကတော့ အနုပညာလောကမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီးအကယ်ဒမီထူးချွန်ဆုတွေကိုလည်းရရှိထားတဲ့သူတယောက်ပါ။ကျန်းမာရေးအခြေအနေကြောင့်အနုပညာလောကကခနတာထွက်ခွာသွားခဲ့ပေမဲ့ပရိတ်သတ်တွေကအချစ်မလျော့ဘဲအားပေးခဲ့လိုထက်ထက်ကအခုလိုပြန်လည်အောင်မြင်လာတာဘဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ထက်ထက်မိုးဦးကသူမဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံလေးတွေကိုဖွင့်ဟပြောပြလာခဲ့တာဖြစ်ပါတယ်။ထက်ထက်မိုးဦးက ထက်ငယ်ငယ်ကတည်းကအမေမရှိခဲ့သလိုအဖေနဲ့လည်းအတူတူမနေခဲ့ရဘူး။မိဘနဲ့လည်းမနေရ၊သူများတွေဆီလိုက်နေခဲ့ရပါတယ်။မွေးရာပါနှလုံးရောဂါရှိပေမယ့်ငွေကြေးမတတ်နိုင်လို့ မကုနိုင်ခဲ့ဘူး။ပညာအရမ်းတတ်ချင်ပေမယ့်ကျောင်းဆက်မတက်နိုင်ခဲ့ဘူး။အသက်ဆယ့်ခြောက်နှစ်မှာမင်းသမီးစလုပ်တဲ့အချိန်အကုန်လုံးကို စွန့်လွှတ်ခဲ့ရတယ်။

မွေးရပ်ဇာတိ၊ဆွေမျိုးတွေကိုစွန့်လွှတ်ပြီးရန်ကုန်မှာတစ်ယောက်တည်းလာနေခဲ့ရတယ်။ ဘဝဆိုတဲ့စာလုံးနှစ်ခုကြားမှာတော်တော်ခက်ခဲခဲ့ရပါတယ်။ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ပဲရှိတဲ့အတွက် အားငယ်တာ၊စိတ်ညစ်တာတွေ၊အလိမ်ခံရတာတွေအများကြီးကြုံခဲ့ရပါတယ်။ကိုယ်ဟာကိုယ်ပဲရှိနေခဲ့တာမို့အမြဲတမ်းလဲကျတိုင်းချစ်ရသူတွေအားကပဲပြန်ထဖို့ကူညီပေးခဲ့တာတွေအများကြီးပဲဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပြောပြထားတာပဲဖြစ်ပါတယ် ။

Zawgyi Version 




Source – Htet Htet Moe Oo