Cele News

ပရိသတ်တွေတစ်ခါမှမြင်ဖူးသေးတဲ့ အနောက်တိုင်းဆန်ဆန် တည်ကြည်ထက်မြက်တဲ့ပုံစံနဲ့ မိမိုက်လွန်းနေတဲ့ ဝတ်မှုံရွှေရည်

Unicode Version

ပရိသတ်တွေတစ်ခါမှမြင်ဖူးသေးတဲ့ အနောက်တိုင်းဆန်ဆန် တည်ကြည်ထက်မြက်တဲ့ပုံစံနဲ့မိမိုက်လွန်းနေတဲ့ ဝတ်မှုံရွှေရည်

ယနေ့အချိန်ထိအောင်မြင်နေဆဲဖြစ်တဲ့မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ ကြောငြာတွေကတဆင့်လူသိများလာပြီးနောက်ပိုင်းမှာဗွီဒီယိုဇာတ်ကားတွေမှာပရိတ်သတ်အားပေးမှုအပြည််အဝရရှိလာခဲ့တာဘဲဖြစ်ပါတယ်။သဘာဝကျတဲ့အိုက်တင်တွေနဲ့ပီပြင်အောင်သရုပ်ဆောင်တတ်သူဖြစ်တာကြောင့်မြန်မာ့အကယ်ဒမီထူးချွန်ဆုနှစ်ဆုကိုလည်းရရှိထားပါတယ်။ခလေးဆန်ပြီးချစ်ဖို့ကောင်းတဲ့အမှုအရာလေးတွေကြောင့် ပုရိသပရိတ်သတ်တွေသာမကမိန်းကလေးပရိတ်သတ်တွေကပါ တခဲနက်အားပေးတာကိုတွေ့ရပါတယ်။

အနုပညာသက်တမ်း ဆယ်စုနှစ်ကျော်မှာ ပရိသတ်တွေအတွက် ခံစားမှုရသမျိုးစုံနဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြခဲ့တဲ့ ဝတ်မှုံရွှေရည်က ဒီတစ်ခေါက်မှာလည်း မတူညီတဲ့ ကာရိုက်တာတစ်ခုနဲ့ ပရိသတ်တွေရှေ့မှောက်ကို ရောက်ရှိလာပြန်ပါပြီ။ဝတ်မှုံရွှေရည်က Metro Brothers ရဲ့ နိုဝင်ဘာCover Shoot နဲ့အနောက်တိုင်းဆန်ဆန်တည်ကြည်ထက်မြတ်သော Business woman တစ်ယောက်အသွင်ပရိသတ်ကြီးတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ပရိသတ်တွေတစ်ခါမှမမြင်တွေ့ဖူးသေးတဲ့စတိုင်လ်၊ဒီဇိုင်းနဲ့လည်းတစ်သားတည်း အံဝင်ခွင်ကျဖြစ်နေပြီးလိုက်ဖက်မှုရှိနေပြန်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့အံ့သြလောက်စရာအမိုက်စားပုံရိပ်တွေကိုသဘောကျကြမယ် ထင်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version




Crd to Metro Brother