Cele News

အလှူရှင်တစ်ဦးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မျက်ရည်ဝဲပြီးငိုင်ကျသွားတဲ့အကြောင်းပြောပြလာတဲ့ ဒိန်းဒေါင်

အလှူရှင်တစ်ဦးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မျက်ရည်ဝဲပြီးငိုင်ကျသွားတဲ့အကြောင်းပြောပြလာတဲ့ ဒိန်းဒေါင်

ပရိသတ်တွေကိုအမြဲပျော်ရွှင်အောင်လုပ်နိုင်တဲ့သူကတော့ ဟာသလူရွှင်တော်သရုပ်ဆောင်ဒိန်းဒေါင်ဘဲဖြစ်ပါတယ်။လူရွှင်တော်ဒိန်းဒေါင်ကတော့ လက်ရှိမှာချွန်တွန်းပရဟိတအဖွဲ့လေးကို ထူထောင်ထားပြီးလှူအပ်တဲ့နေရာတွေမှာလှုဒါန်းမှုတွေပြုလုပ်ပေးနေတာဘဲဖြစ်ပါတယ်။ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဒိန်းဒေါင်ကအလှူရှင်တစ်ဦးပြောလိုက်တဲ့စကား တစ်ခွန်းကြောင့်မျက်ရည်ဝဲပြီးငိုင်ကျသွားခဲ့ရတဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။

ဒိန်းဒေါင်ကကျွန်တော်မျက်ရည်ဝဲပြီးတော့ငိုင်သွားတယ်အဲ့ဒီအမျိုးသမီးရဲ့ပြောတဲ့စကားကြော င့် ကျွန်တော့ဘာသာစာလေးရေးတင်မလို့ သူ့ပုံလည်းကျွန်တော့မှာရှိတယ် တစ်သောင်းလောက် လှူချင်လို့တဲ့ရပါတယ်လို့ကျွန်တော်နဲ့ ပြောနေရင်းနဲ့မျက်စိဖြစ်နေတဲ့ကလေးလေးကို ထားဝယ်ကကလေးလေးကိုသူတစ်သောင်းလောက်လှူချင်တယ်တဲ့အဲ့ဒီကလေးကိုလှူဖို့အတွ က် သူ့ရဲ့ဆံပင်ကိုရောင်းတာဆံပင်ကိုရောင်းပြီးလှူမှာဒါပေမယ့် ဒီအချိန်မှာဆံပင်ကဝယ်တဲ့သူမရှိဘူးအဲ့တော့ သူအလုပ်တစ်ခုလုပ်တယ်ဒီကလေးလေးကို မြင်ကတည်းကသူလှူချင်နေတာအဲ့အတွက်ဆံပင်ကို သူလိုက်ရောင်းနေတာအဲ့ဒါနဲ့သူကျွန်တော့ကို တစ်သောင်းလှူတယ်ကျွန်တော်ပါအဲ့ဒီအချိန်မှာ အရမ်းစိတ်ထိခိုက်ပြီးကြောင်သွားတယ်အရမ်းမွန်မြတ်တယ်။

ဒါပေမယ့်သူဒီတစ်သောင်းကိုလှူလိုက်တယ် မျက်စိကလေးအတွက်သူရည်စူးတယ်နော်အဲ့ တစ်သောင်းကမျက်စိကလေးအတွက်လည်းရောက်ရမယ်ဒါပေမယ့်ကျန်တဲ့အလှူတွေအ တွက်လည်းကျွန်တော်သူ့ကိုထည့်ပေးမှာဥပမာ မျက်စိကလေးအတွက်သူတစ်သောင်းလှူတယ်မလားကျွန်တော်မျက်စိကလေးအတွက်ကိုးထောင်လှူလိုက်မယ်တစ်ထောင်ကိုကျွန်တော်စိုက်ပေးလိုက်မယ်သူ့တစ်ထောင်ကိုကျွန်တော့ချွန်တွန်းပရဟိတထဲကိုကျွန်တော်ထည့်ပေးမယ်စပြီးလှူတဲ့အလှူထဲကနေအဆုံးထိသူ့အလှူပါစေချင်လို့ကျွန်တော်တောင် သူ့ကိုနောက်ထားသေးတယ် ဆံပင်ရောင်းမလားတို့ဘာတို့ သူစိတ်ပျော်အောင်းနောက်တာသူငိုတယ်ကျွန်တော်ပါ အရမ်းဝမ်းနည်းတယ်သူ့ရဲ့မွန်မြတ်တဲ့အလှူအတွက်လည်းကျွန်တော်ဝမ်းသာမိတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့ မွန်မြတ်လှတဲ့ အလှူရှင်ရဲ့ စေတနာလေးကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာပါနော်ဒိန်းဒေါင်ရဲ့အလှူဒါနလေးအတွက် သာဓုခေါ်ဆိုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။