Cele News

နေမကောင်းဖြစ်နေပေမဲ့လည်း နာရီဝက်နဲ့တင် ကား ၁၅ စီးထိရောင်းချနိုင်ခဲ့လို့ အဖျားတွေတောင်ပျောက်သွားတယ်ဆိုတဲ့ ထက်ထက်

နေမကောင်းဖြစ်နေပေမဲ့လည်း နာရီဝက်နဲ့တင် ကား ၁၅ စီးထိရောင်းချနိုင်ခဲ့လို့ အဖျားတွေတောင်ပျောက်သွားတယ်ဆိုတဲ့ ထက်ထက်

ပြည်သူအချစ်တော်မင်းသမီးကြီးထက်ထက်မိုးဦးကတော့ ဗွီဒီယို​ခေတ်မှာဇာတ်ကားပေါင်းများစွာရိုတ်ကူးထားပြီး မြန်မာ့နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲဝါရင့်သရုပ်ဆောင်တယောက်ဖြစ်ခဲ့ပါတယ်။ကြော်ငြာဘုရင်မလို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိကိုထက်ထက်ကတော့ အောင်မြင်ခဲ့တာဘဲဖြစ်ပါတယ်။ကျန်းမာရေးအခြအနေကြောင့်အနုပညာလောကနဲ့ခနတာဝေးကွာသွားပြီး ပြန်လည်ဝင်ရောက်လာချိန်မှာပရိသတ်တွေကအားပေးမှုလျော့မသွားဘဲ ထက်ထက်ကိုအရင်အတိုင်းချစ်နေကြတာဘဲဖြစ်ပါတယ်။

လက်ရှိမှာတော့တန်ဖိုးကြီးလက်ဝတ်ရတနာများ ကားများကိုသာမက အခြားပစ္စည်းများကိုလည်း လူမှုကွန်ရက်ကနေတဆင့်Liveလွှင့်ကာရောင်းချနေတာပဲဖြစ်ပါတယ်။အခုတခေါက်မှာလည်း နာရီဝက်နဲ့တင်ကားအစီးရေ ၁၅ စီးထိရောင်းထွက်ခဲ့ကြောင်းကိုအခုလိုပဲပြောပြခဲ့ပါတယ်။

ထက်ထက် ပြောခဲ့တာကတော့ဒီနေ့လေအရမ်းပျော်တာပဲ မနက်က ထက်ဆေးစစ်ပြီးအလုပ်နေရာကိုသွားရတာစိတ်ထဲမှာတော့ငါအဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ့သွားရတာ။ဒါပေမယ့်လည်း အားလုံးအဆင်ပြေအောင်ကြိုးစားခဲ့တယ်။

မိနစ် ၃၀အတွင်းမှာတင် ကား ၁၅စီးရောင်းရပြီး နောက်ဆုံးစာရင်းချုပ်မှာကားအစီး ၅၀တောင် ရောင်းရတော့နေမကောင်းတဲ့စိတ်တောင်ဘယ်ရောက်သွားမြန်းမသိအောင်ပျော်ရွှင်ရတယ်။ တကယ်ဘယ်လိုမှထင်မှတ်ထားဘူးဒီလောက်ထိရောင်းရမယ်လို့ဝယ်ယူသူတွေကလည်းထက်ကိုချစ်လို့ဝယ်တာထက်နဲ့ BAIC ကိုယုံကြည်လို့ ဝယ်တာဆိုပြီးပြောကြတော့ပိုပိုပြီးဝမ်းသာရတယ်။ချစ်ရသူတွေအတွက်ထက်လည်းဒီထက်အများကြီးကြိုးစားနေဦးမှာပါဆိုကာသူမရဲ့ ကြိုးစားမှုရလဒ်တွေကိုပြောပြခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။

Source – Htet Htet Moe Oo