Cele News

ကျရှုံးချိန်မှာ အရမ်းစိတ်ညစ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့အထိ စဉ်းစားခဲ့ဖူးတယ်ဆိုပြီး ဖွင့်ဟလာတဲ့ ထက်ထက်မိုးဦး

ကျရှုံးချိန်မှာ အရမ်းစိတ်ညစ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့အထိ စဉ်းစားခဲ့ဖူးတယ်ဆိုပြီး ဖွင့်ဟလာတဲ့ ထက်ထက်မိုးဦး

တစ်ခေတ်တခါကကြောငြာဘုရင်မလို့တင်စားခေါ်ဝေါ်ရတဲ့အထိ အောင်မြင်ခဲ့တဲ့ထက်ထက်ကတော့ ဘဝအနိမ့်အမြင့်အတတ်အကျမျိုးစုံခံစားခဲ့ရတဲ့သူတယောက်ပါ။အောင်မြင်မှုတွေထိပ်ဆုံးထိရောက်ခဲ့သလို ကျဆုံးချိန်မှာလည်းဘယ်လိုရပ်တည်ရမလဲဆိုတာကိုထက်ထက်ကပြောပြထားပါတယ်။

ထက်ထက်မိုးဦးကအောင်မြင်တဲ့အချိန်မှာစိတ်ကိုဘယ်လိုထားရမလဲ။အောင်မြင်တဲ့အချိန်မှာ ကိုယ့်နားမှာဝိုင်းဝိုင်းလည်နေတော့မေ့လျော့နေတတ်တယ်။ကိုယ်တိုင်လည်းခပ်ငယ်ငယ်တုန်းက အောင်မြင်မှုထိပ်ဆုံးရောက်တဲ့အချိန် သာယာခဲ့ဖူးပါတယ်။အောင်မြင်ခဲ့တဲ့အချိန်၊ပြည့်စုံခဲ့တဲ့အချိန်တုန်းကအလှူအတန်းတွေအများကြီးလုပ်ခဲ့တာ၊ဘုရားတည်၊ကျောင်းဆောက်၊အလှူကြီးတွေပေးခဲ့တာ၊စာသင်ကျောင်းတွေဆောက်တာ၊ ရှင်ပြုရဟန်းခံတာစသဖြင့်အများကြီးလုပ်ခဲ့တဲ့အတွက်ကျရှုံးတဲ့အချိန်မှာအဲဒါလေးတွေတွေးပြီးခံသာခဲ့ရတယ်။

ကျရှုံးတဲ့အချိန်မှာဘဝတစ်ကွေ့မှာအဆိုးကို ရင်ဆိုင်ရတဲ့အခါ၊ဘဝတစ်ဆစ်ချိုးမှာ အတိမ်းအစောင်းဖြစ်တဲ့အခါခံနိုင်ရည်ရှိရတယ်။ သည်းခံရတယ်။လူတွေရဲ့အထင်သေးတဲ့အကြည့်၊အပြောအဆိုအသုံးအနှုန်းတွေကို ခံနိုင်ရည်ရှိရတယ်။ကိုယ်တိုင်လည်းစိတ်ညစ်လွန်းလို့ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ခဏခဏ စဉ်းစားခဲ့တယ်။ဒါပေမဲ့လည်းသေသွားတာနဲ့ ပြီးမှာမဟုတ်ဘူး။ကိုယ့်နောက်မှာလိုက်နေတဲ့အရိပ်မည်းကြီးနဲ့ မသေချင်တဲ့အတွက်ကြောင့် သီလရှင်ဝတ်ခဲ့တယ်။

တရားအားထုတ်ပြီး ၄, ၅ လနေမှစိတ်တည်ငြိမ်ခဲ့တယ်။အားလုံးကို ဥပေက္ခာပြုနိုင်လာတယ်။အခုပရိသတ်တွေပြန်ပြီးအသိအမှတ်ပြုပေးလာတဲ့အချိန်မှာတော့ ဘဝအတွေ့အကြုံတွေကပညာပေးတဲ့အတွက် အရမ်းကိုနေတတ်သွားပါပြီ။အောင်မြင်မှုတွေနောက်က အလှည့်အပြောင်းလောကဓံတွေနဲ့ အပြုံးမပျက်ဆက်လျှောက်နေတဲ့အမျိုးသမီးပါရှင့်ဆိုပြီးရေးသားထားတာဖြစ်ပါတယ်နော်။

Source – Htet Htet Moe Oo