Cele News

နိုင်ငံခြားကနေ တစ်ဦးထဲကိုယ်စားလှယ်ယူပြီး ဖွင့်လှစ်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ကိုယ်ပိုင်အိတ်ဆိုင်ကြီးကို ကြီးကြပ်နေတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံခြားကနေ တစ်ဦးထဲကိုယ်စားလှယ်ယူပြီး ဖွင့်လှစ်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ကိုယ်ပိုင်အိတ်ဆိုင်ကြီးကို ကြီးကြပ်နေတဲ့ အိန္ဒြာကျော်ဇင်

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတလက်ဖြစ်တဲ့အိန္ဒြာကျော်ဇင်ကတော့ ဆယ်စုနှစ်တခုကြာအောင်မြင်မှုတွေထိမ်းသိန်းထားနိုင်ပြီး ယနေ့တိုင်ထိအောင်မြင်နေဆဲအနုပညာရှင်တယောက်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကတော့ ကလေးနှစ်ယောက်အမေဖြစ်တဲ့ထိတောင် လှပနုပျိုနေဆဲဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က မင်းသားချောပြေတီဦးနဲ့ဖူးစာပါပြီးနှစ်ယောက်တစ်ဘဝတည်ဆောက်လိုက်ကာပျော်ရွှင်အေးချမ်းနေတာပဲဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့ကအနုပညာကြေးအမြင့်ဆုံးမင်းသား၊မင်းသမီးတွေဖြစ်ကြပြီး ချစ်ခင်အားပေးကြတဲ့ပရိသတ်အများအပြားကိုလည်းပိုင်ဆိုင်ထားကြပါတယ်။

အိန္ဒြာကျော်ဇင်ကမိသားစုကိုလည်းအချိန်ပေးပြီးဂရုစိုက်တာကြောင့်သားနဲ့သမီးကိုအမြဲကျောင်းပို့ပေးတာဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလမှာဆိုရင်အူဝဲတို့ဇနီးမောင်နှံလည်း အနုပညာအလုပ်တွေကိုနားထားရတာကြောင့်အိမ်မှာပဲအေးအေးချမ်းချမ်းအနားယူနေကြတာပါနော်။

အူဝဲကတော့ပန်းချီလေးတွေလည်းဆွဲပြီး ယောဂလည်းနေ့စဉ်မပျက်လုပ်တာကြောင့် သာယာလှပတဲ့ဘဝလေးမှာပျော်မွေ့နေတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကတော့လက်ရှိမှာဆိုရင်ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုလည်းတည်ထောင်ထားတာဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က Europeကနေတစ်ဦးတည်းကိုယ်စားလှယ်တင်သွင်းထားတဲ့ The Bridgeအိတ်တွေကို မြန်မာနိုင်ငံမှာဆိုင်အကြီးကြီးဖွင့်ထားတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့အူဝဲကဆိုင်ကိုသွားပြီးကိုယ်တိုင်ကြီးကြပ်နေတဲ့ပုံရိပ်လေးတွေကိုမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source – Eaindra Kyaw Zin