Cele News

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ တစ်သောင်းတန်အထပ်လိုက်ကို ပံ့သကူပစ်ပြီးကုသိုလ်ယူမယ့် နန်းဆုရတီစိုး

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ တစ်သောင်းတန်အထပ်လိုက်ကို ပံ့သကူပစ်ပြီးကုသိုလ်ယူမယ့် နန်းဆုရတီစိုး

နန်းဆန်ပြီးချစ်ဖို့ကောင်းတဲ့အပြုံးပိုင်ရှင်လေးနန်းဆုရတီစိုးကတော့ အနုပညာနယ်ပယ်မှာသာမက ဂီတနယ်ပယ်မှာလည်းအောင်မြင်နေသူတယောက်ပါ။

အဆွေးသီချင်းကောင်းကောင်းလေးတွေနဲ့ ပရိတ်သတ်ရင်ထဲကိုရောက်အောင်သီဆိုနိုင်ပြီး ဖော်ရွှင်တဲ့စိတ်ထားလေးကြောင့် နန်းဆုကိုချစ်ခင်သူတွေပိုများနေတာပါ။နန်းဆုကတော့ နေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ယူဖို့အတွက်ကြိုးစားနေတာပါ။

နန်းဆုကတော့တန်ဆောင်းမုန်းလပြည့်နေ့မှာ ပံ့သကူလှူမယ့်အကြောင်းကိုတန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူလေးတွေလှူဖို့အတွက် ပြင်ဆင်နေကြပုံလေးတွေပါချစ်စရာအစဉ်အလာအလေ့အကျင့်လေးမို့ နန်းဆုလည်း ဝမ်းသာပျော်ရွှင်စွာလိုက်လုပ်ဖြစ်ပါတယ်။

ပံ့သကူအလှူလေးတွေရရှိသူတွေအားလုံးစိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင့်။နန်းဆုတို့ပံသကူပစ်ဖို့ပြင်ဆင်နေကြတာနဲ့လိုက်ပစ်တဲ့video လေးကိုညကျတင်ပေးမယ်နော်ချစ်ပရိတ်သတ်တွေအားလုံးတန်ဆောင်မုန်းလပြည့်နေမှာပျော်ရွှင်ကြပါစေအပူအပင်တွေကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင်ပြင်ဆင်နေတဲ့ပုံလေးတွေကိုလည်းမျှဝေခဲ့တာဖြစ်ပြီးတစ်သာင်းဆန်အထပ်လိုက်ကိုလှူဒါန်းဖို့အတွက်ပြင်ဆင်နေတာကိုလည်း တွေ့ရမှာပါ။ ရုပ်ချောသလော စေတနာသဒ္ဓါတရားထက်သန်လွန်းသူလေးပါပဲနော်။

Source – Nan Su Yati Soe