Cele News

ငွေကျပ်(၁၀)သိန်းနဲ့အတူ မြန်မာဝမ်းဆက်၊ ဆန်အိတ်များကို ပံ့သကူပစ်ပြီး လှူဒါန်းသွားမယ့် ဖြူဖြူထွေး

ငွေကျပ်(၁၀)သိန်းနဲ့အတူ မြန်မာဝမ်းဆက်၊ ဆန်အိတ်များကို ပံ့သကူပစ်ပြီး လှူဒါန်းသွားမယ့် ဖြူဖြူထွေး

ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရိုးသားတဲ့အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေချစ်ခင်အားပေးကြတဲ့ဆယ်လီဖြူဖြူထွေးကတော့ ကြောငြာတွေကိုဆက်တိုက်ရိုတ်ကူးနေရပြီး တဘက်ကလည်းအလှူအတန်းကိုမအားတဲ့ကြားကမပျက်မကွက်လှူဒါန်းမှုတွေပြုလုပ်နေတာဘဲဖြစ်ပါတယ်။

ဒီနေ့တန်ဆောင်းမုန်းလပြည့်နေ့လေးမှာတော့ မြန်မာ့ရိုးရာထုံးစံအတိုင်း ဖြူဖြးထွေးကတော့အလှူငွေတွေနဲ့ အဝတ်အထည်တွေကိုပံ့သကူပစ်ပြီးလှူဒါန်းမှုတွေပြုလုပ်မှာဘဲဖြစ်ပါတယ်။

ဖြူဖြူထွေးရဲ့အနုပညာကြိုးစားမှုတွေကလည်း အံ့မခန်းဖြစ်ပြီးဝေဖန်သံတွေကိုလည်းအောင်မြင်မှုတွေအဖြစ်ပြောင်းလဲနိုင်သူလို့အများကချီးကျူးကြတာကိုတွေ့ရပါတယ်။

လက်ရှိမှာဆိုရင်လည်းဖြူဖြူထွေးကအနုပညာလှုပ်ရှားမှုအားလပ်ချိန်တွေမှာပရဟိတအလုပ်တွေကို လုပ်ကိုင်လေ့ရှိတာဖြစ်ပြီးယနေ့ညပံ့သကူအလှူအတွက်ကိုယ်တိုင်လုပ်ကိုင်ပေးနေတာပါ။

ဒါကတော့သောင်းတန်ပိုက်ဆံတွေနဲ့အတူမြန်မာဝတ်စုံ၊ဆန်အိတ်တွေကိုကိုယ်တိုင်ထုပ်ပိုးကာ လုပ်အားပေးနေခဲ့တဲ့ပုံလေးတွေကိုလူမှုကွန်ယက်ထက်မှာဝေမျှလာတာပါ။ပုံလေးတွေအပြင်ဒီနေ့ည ဖြူဖြူပံ့သကူပစ်ပါ့မယ် ဘယ်နေရာလဲဆိုတော့(၁၀)သိန်းရယ် မြန်မာ့ဝမ်းဆက်ရယ်ဆန်ရယ်ဆိုတဲ့စာသားလေးကိုလည်းရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေသိရှိစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source – Phyu Phyu Htwe