Cele News

တသောင်းတန်တွေကိုင်ကာ ပံ့သကူပစ်ဖို့အတွက် တက်ကြွနေတဲ့ ချစ်စရာစုံတွဲလေး ရွှေထူးနဲ့ ရွှေမှုံ

တသောင်းတန်တွေကိုင်ကာ ပံ့သကူပစ်ဖို့အတွက် တက်ကြွနေတဲ့ ချစ်စရာစုံတွဲလေး ရွှေထူးနဲ့ ရွှေမှုံ

မင်းသမီးချောလေးရွှေမှုံရတီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့အနုပညာရှင်တယောက်ဖြစ်ပါတယ်။လက်တလောကမှ နိုင်ငံတကာရုပ်ရှင်ပြပွဲမှာအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုလည်းရရှိထားတဲ့သူတယောက်ပါ။

အခုချိန်မှာတော့ ရွှေမှုံကတော့ အဆိုတော်ရွှေထူးနဲ့ဖူးစာဆုံမက်ပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီဘဲဖြစ်ပါတယ်။

ရွှေထူးကလည်းအခုနောက်ပိုင်းမှာဆိုရင်ဇာတ်ကားတွေရိုက်လာပြီဖြစ်လို့ ချစ်ဇနီးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင်အတူတူရိုက်ထားတာကိုလည်းတွေ့ရပါတယ်။ဘာပဲလုပ်လုပ်အမြဲအတူတူကြည်နူးစရာကောင်းအောင်ပြုလုပ်လေ့ရှိတဲ့ရွှေနှစ်ရွှေတို့ဇနီးမောင်နှံနှစ်ယောက်ကယခုလိုတန်ဆောင်မုန်းလပြည့်ည ပံ့သကူပစ်တဲ့အလှူလေးမှာလည်းပါဝင်လိုက်ပြန်ပါပြီ။

ဒါကတော့ ရွှေထူးက ပံ့သကူပစ်ဖို့အတွက် ဘဏ်မှာ ပိုက်ဆံတွေ ထုတ်နေတဲ့ ဇနီးသည် ရွှေမှုံရဲ့ ပုံလေးကို ကြည့်ကာ အချစ်ပိုနေခဲ့တာပါ။ သောင်းတန်ပိုက်ဆံတွေကိုင်ကာ ပံ့သကူပစ်ဖို့အတွက် တက်ကြွနေတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ ပုံက ပရိသတ်တွေရဲ့ ရင်ကို ထိမှန်စေမှာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။

Source – Htoo Khant