Cele News

အစ်ကို ဖြစ်သူ နိုင်းနိုင်းရဲ့ မွေးနေ့အလှူလေးမှာ ကိုယ်တိုင်ပါဝင် ဝိုင်းကူလုပ်ပေးခဲ့တဲ့ အောင်မင်းခန့်

အစ်ကို ဖြစ်သူ နိုင်းနိုင်းရဲ့ မွေးနေ့အလှူလေးမှာ ကိုယ်တိုင်ပါဝင် ဝိုင်းကူလုပ်ပေးခဲ့တဲ့ အောင်မင်းခန့်

ပရိသတ်ကြီးရေ MRTV 4 မင်းသားချောလေးတယောက်ဖြစ်တဲ့အောင်မင်းခန့်ကတော့ ဇာတ်လမ်းတွဲများစွာပါဝင်ရိုတ်ကူးခဲ့ပြီး ပရိတ်သတ်တွေအားပေးမှုကိုတခဲနက်ရရှိထားတဲ့သူတယောက်ပါ။တည်ကြည်တဲ့မျက်နှာထားနဲ့ နှာခမ်းနီမလေးတွေအသည်းစွဲအားပေးကြတဲ့ သရုပ်ဆောင်တယောက်လည်းဖြစ်ပါတယ်။

ဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်နိုင်သူ အောင်မင်းခန့်ကတော့ သူ့ရဲ့ ကာရိုက်တာအပေါ် သရုပ်ဆောင်နိုင်ချက်တွေနဲ့ ဇာတ်လမ်းတွဲတိုင်းမှာ ပရိသတ်တွေအတွက် ကာရိုက်တာတိုင်းကို ထင်ကျန်စေခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

အစ်ကိုဝမ်းကွဲတော်စပ်သူ မင်းသားနိုင်းနိုင်းရဲ့ ညီလို့ ပြောစရာမလိုအောင်ညီအစ်ကိုနှစ်ယောက်လုံးဟာရုပ်တူ စိတ်တူနဲ့ညီအစ်ကိုအရင်းတွေလိုချစ်ခင်ကြသူတွေပါ။

ဒီနေ့ဒီဇင်ဘာလ(၂)ရက်နေ့မှာကျရောက်တဲ့အစ်ကိုဖြစ်သူ နိုင်းနိုင်းရဲ့ မွေးနေ့လေးမှာအလှူလုပ်ရာ နေရာကိုကိုယ်တိုင် ကားမောင်းပို့ရင်း အလှူမှာ ဝိုင်းကူခဲ့ပုံလေးကို အောင်မင်းခန့်ကဒီနေ့မနက်မှော်ဘီနမ့်ခမ်းကျောင်းမှာ ကို9မွေးနေ့ဝိုင်းကူဝိုင်းလှူ(၇)ရက်သားသမီးအပေါင်း သာဓုခေါ်တိုင်ပါစေဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်လာခဲ့ပါတယ်။

အောင်မင်းခန့်ကတော့ အစ်ကိုဖြစ်သူနိုင်းနိုင်း မွေးနေ့အလှူကုသိုလ်လုပ်ရာမှာ ဝိုင်းကူဝိုင်းလှူရင်းကုသိုလ်တွေရရှိခဲ့တဲ့နောက်ပရိသတ်တွေပါသာဓုခေါ်ဆိုနိုင်အောင်မျှဝေခဲ့ပုံပါ။

ပရိသတ်ကြီးလည်း နိုင်းနိုင်းရဲ့ မွေးနေ့အလှူကုသိုလ်လေးအတွက်သာဓုခေါ်ဆိုသွားပါဦးနော်။ဖတ်ရှု့ပေးခဲ့ကြတဲ့ပရိသတ်ကြီးလည်းပျော်ရွှင်သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source – Aung Min Khant