Cele News

မကွေးမြို့မှာ အစုရှယ်ယာပါဝင်ထားတဲ့ KTV အဖမ်းခံရတာနဲ့ ပက်သတ်ပြီး KTV တွေ၊ ဘားတွေ ဖွင့်ကြတာကို အပြစ်မမြင်စေချင်ဘူးလို့ ပြောလာတဲ့ ပြေဇင်

မကွေးမြို့မှာအစုရှယ်ယာပါဝင်ထားတဲ့ KTV အဖမ်းခံရတာနဲ့ ပက်သတ်ပြီး ကေတီဗီတွေ၊ဘားတွေဖွင့်ကြတာကို အပြစ်မမြင်စေချင်ဘူးလို့ပြောလာတဲ့ ပြေဇင်

သရုပ်ဆောင်ပြေဇင်ကလည်းအနုပညာအလုပ်တွေရပ်နားထားချိန်မှာသူအစုရှယ်ယာပါဝင်ထားတဲ့ မကွေးမြို့က KTV လေးခိုးဖွင့်လို့အဖမ်းခံရတာနဲ့ပက်သတ်ပြီးပြောလာပါတယ်။

မကွေးမှကေတီဗီတစ်ခုဒီကာလမှာခိုးဖွင့်လို့အဖမ်းခံရတယ်တဲ့။အသိမိတ်ဆွေတချို့ကကျွန်တော့်ကိုစိတ်ပူပြီးသတင်းလှမ်းမေးကြတယ်ကျွန်တော်ကမကွေးကသူငယ်ချင်းတချို့နဲ့အစုရှယ်ယာဘားနဲ့ကေတီဗီလေးဖွင့်ထားတာကိုး။စိတ်ပူကြမှာပေါ့။အစုရှယ်ယာဆိုလို့အထင်လည်းသိပ်မကြီးကြနဲ့ဦး။ကျွန်တော်ပါဝင်တဲ့ရှယ်ယာအနည်းဆုံးပဲ။ငွေပိုငွေလျှံရှိလို့ ရှယ်ယာပါထားတာမဟုတ်ပါဘူး။၂၀၁၆လောက်ကစီးနေတဲ့ကားလေးကိုရောင်းပြီးရှယ်ယာထည့်ထားတာပါ။တကယ်တော့ဒါတွေကမပြောပြသင့်တဲ့အကြောင်းတရားတွေပါ။လူဆိုတာကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ။

အကျိုးအမြတ်လိုချင်လို့ရင်းနှီးမြုပ်နှံတဲ့သဘောပါ။ ၂၀၁၇မှာဆိုင်စတင်ဆောက်လုပ်ပြင်ဆင်တာဟာ ၂၀၁၈နှစ်ကုန်မှစဖွင့်နိုင်ခဲ့ပါတယ်။ဆိုင်စဖွင့်တဲ့အချိန်မှာကေတီဗီမဖွင့်နိုင်သေးပါဘူး။Bar သာစဖွင့်ရင်းရလာတဲ့ငွေအနည်းငယ်နဲ့ဖြည်းဖြည်းချင်း ktvအခန်းလေးတွေ တိုးချဲ့ခဲ့ရတယ်။၁ခန်းမှ ၂ခန်း ၂ခန်းမှ၈ခန်းထိဖြစ်ဖို့ အချိန်တစ်နှစ်လောက်ရင်းနှီးခဲ့ရပါတယ်။ ဒါတွေအားလုံးကိုလက်ရှိရှယ်ယာအများဆုံးနဲ့ ဦးစီးဦးဆောင်လုပ်ပေးနေတဲ့မကွေးကမြို့ခံသူငယ်ချင်းအသိဆုံးပါ။ဆိုတော့ကျွန်တော်တို့ရဲ့ bar&ktv ကို ၂၀၁၉နှစ်ကုန်မှအလုံးစုံအချောသတ်ဖွင့်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ကေတီဗီလေးက familyကေတီဗီပါ။အကျိုးအမြတ်လိုချင်လို့ စီးပွားရေးလုပ်တယ်ဆိုပေမယ့် မသမာတဲ့နည်းလမ်းတစ်ခုမှမသုံးခဲ့ပါဘူး။အစိုးရကချမှတ်တဲ့ စည်းကမ်းစံချိန်စံညွှန်းတွေနဲ့ အညီ လိုင်စင်ကအစအခွန်ပါမကျန်လစ်ဟင်းမှုမရှိအောင်သူငယ်ချင်းဖြစ်သူမကွေးသားကစွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာပါ။ဆိုင်ဖွင့်ဖွင့်ချင်းမှာကြွေးလိုက်ရတဲ့ FOCဆိုတာ မနည်းမနော။ FOCဆိုတာကိုနားလည်ခဲ့လို့ကိုယ် ကိုယ်တိုင် FOCမဖြစ်အောင်နေထိုင်ကျင့်ကြံခဲ့ပါတယ်။

ဒီကာလဆိုးကြီးမှာကိုယ့်ထက်ဒုက္ခရောက်နေသူတွေ ဒုနဲ့ဒေးပါ။ဒါကိုကိုယ့်ဒုက္ခမှဒုက္ခလို့သတ်မှတ်ရင် မတရားရာကျလိမ့်မယ်။ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတဲ့ရောဂါကပ်ဆိုးကြီးကို ကြုံနေရတဲ့အချိန်မှာဘယ်သူ့ကိုမှအပြစ်မတင်ချင်ဘူး။ဒါကျွန်တော့်ရင်တွင်းစကားပါ။နေ့စဉ်ကူးစက်မှုများနေတာကိုနေ့စဉ်အပြင်ထွက်နေတဲ့သူတွေကိုအပြစ်တင်လို့မရဘူး။တနေ့လုပ်တနေ့စားတွေစားဝတ်နေရေးအရမ်းခက်ခဲနေကြပါတယ်။စည်းကမ်းချက်တွေထုတ်ထားပေမယ့်ဥပဒေနဲ့အညီဆောင်ရွက်နိုင်ခြင်းမရှိတဲ့အစိုးရကိုလည်းအပြစ်မတင်ရက်ပါဘူး။အစိုးရကိုယ်တိုင်ကိုင်တွယ်ဖို့ခက်ခဲတဲ့အခြေအနေတစ်ခုပါ။

ထိုအခြေအနေ အချိန်ကာလကြီးမှာလူတိုင်းဟာ စိတ်ဘဝင်မကျဖြစ်ကြရပါတယ်။ထွက်ပေါက်ကို fbပေါ်ရှာကြပုံရပါတယ်။ကျွန်တော်လည်းထွက်ပေါက်တစ်ခုကို fbပေါ်ရှာပါရစေ။ကျွန်တော်တို့ရဲ့ဆိုင်လေးဟာဆယ်တန်းစာမေးပွဲစဖြေတဲ့အချိန်ထဲကစီမံချက်ဆိုတဲ့ အသုံးအနှုန်းတစ်ခုကြောင့်ခဏပိတ်ပေးရပါတယ်။စာမေးပွဲတွေပြီးတော့ကိုဗစ်စတင်လာလို့ဆက်လက်ပိတ်ပေးရပါတယ်။ကိုဗစ်ပထမလှိုင်းပြီးတော့ခဏပြန်ဖွင့်ခွင့်ရပါတယ်။လုပ်ငန်းစတင်ပြန်လည်ပတ်ဖို့အားယူတုန်း ဒုတိယလှိုင်းကြောင့်ပြန်ပိတ်ထားရတာဒီနေ့အထိပါပဲ။ဘယ်တော့ပြန်ဖွင့်ခွင့်ရမယ်ဆိုတာမသေချာသေးပါဘူး။ပါဆယ်ရောင်းတာဘယ်လိုမှမကိုက်ပါဘူး။ကေတီဗီကိုလည်းဘယ်သူမှပါဆယ်မဆိုကြပါဘူး။ ကျွန်တော်တို့ဆိုင်ကိုဖြုတ်လိုက်ဖို့ဆိုတာ ကျွန်တော်တို့အတွက်မဖြစ်နိုင်ပါဘူး။ကိုယ့်ဒုက္ခနဲ့ကိုယ်ကြံ့ကြံ့ခံကြရပါတယ်။

Credit to Original