Cele News

ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီနဲ့ ဦးဧရာတို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ အောင်သော်

ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီနဲ့ ဦးဧရာတို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ အောင်သော်

ဖိုက်စတားလူရွှင်တော်အဖွဲ့ဝင်ဖြစ်တဲ့အောင်သော်ကတော့ ဟာသညဏ်ရွှင်ပြီးပရိတ်သတ်ကိုရီမောပျော်ရွှင်အောင်လုပ်နိုင်သူတယောက်ပါ။နောက်ပိုင်းအောင်သော်ကလူရွှင်တော်သာမက ရုပ်ရှင်နဲ့ဗွီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်။အခုလိုကိုဗစ်ကာလရိုတ်ကူးရေးတွေရပ်နားထားချိန်မှာတော့ အောင်သော်ကတတ်အားသ၍ ပရဟိတလုပ်ငန်းတွေကို အားသွင်ခွန်စိုက်လုပ်နေသူတယောက်ပါ။

ဒီကနေ့မှာတော့ အောင်သော်က ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့လူရွှင်တော်ကြီး ဦးမိုးဒီနဲ့ ဦးဧရာတို့ရဲ့လက်ရှိကျန်းမာရေးအခြေအနေကို အခုလိုပဲပြောပြလာပါတယ်။အောင်သော်က ဆရာကိုဧရာရယ်၊အဖေဦးမိုဒီရယ်နှစ်ယောက်လုံးကျန်းမာရေးကောင်းပါတယ်ခင်ဗျာ။ စိုးရိမ်ရတဲ့အနေထားမှာမရှိသေးပါဘူးခင်ဗျာ။ အားလုံးမေးနေကြလို့တင်ပေးတာပါနော် ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာမျှဝေပေးလာပါတယ်။

လူရွှင်တော်ကြီးဦးမိုးဒီနဲ့ ဦးဧရာတို့ကတော့ အရင်ကတည်းကရောဂါအခံတွေရှိပြီးသားမို့အခုလို ကိုဗစ်ပိုးကူးစက်ခံခဲ့ရချိန်မှာပရိသတ်တွေက စိတ်ပူခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဦးမိုးဒီနဲ့ ဦးဧရာတို့ကတော့စိုးရိမ်စရာမရှိပဲနေကောင်းကျန်းမာနေတယ်လို့အောင်သော်ကပြောထားတာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit to Original