Cele News

အရမ်းချစ်ရတဲ့ Idol မကစ်က တန်ဖိုးကြီးရတနာပစ္စည်းလက်ဆောင်ပေးလို့ အတိုင်းမသိပျော်ရွှင်နေတဲ့ မြတ်ရတနာကျော်ရဲ့ ဗွီဒီယို

အရမ်းချစ်ရတဲ့ Idol မကစ်က တန်ဖိုးကြီးရတနာပစ္စည်းလက်ဆောင်ပေးလို့ အတိုင်းမသိပျော်ရွှင်နေတဲ့ မြတ်ရတနာကျော်ရဲ့ ဗွီဒီယို

ချစ်ဖို့ကောင်းတဲ့မင်းသမီးချောလေးမြတ်ရတနာကျော်ကတော့ အဆိုတော်အာဘွိုင်းနဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူတယောက်ပါ။ဒါအ​​​ပြင်ချစ်စရာသမီးလေးတယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။မြတ်ရတနာကျော်ကတော့ ကလေးအမေလို့ထင်ရက်စရာမရှိအောင်ကို လှနေဆဲပါ။

လက်ရှိမှာတော့မြတ်ရတနာကျော်က Live Sale လေးတွေလုပ်ကိုင်နေပြီးအောင်မြင်မှုရနေတာလည်းဖြစ်ပါတယ်။သူမရဲ့လှုပ်ရှားမှုတွေကိုအမြဲမျှဝေပေးတတ်တဲ့မြတ်ရတနာကျော်ကအခုလည်းဗီဒီယိုဖိုင်လေးတစ်ခုကိုတင်ထားတာဖြစ်ပါတယ်။မြတ်ရတနာကျော်ကသူမချစ်ရတဲ့ မကစ်ဆီကနေလက်ဆောင်ရလိုက်တဲ့ပစ္စည်းလေးကို ထုတ်ပြလိုက်ပြီးဗီဒီယိုရိုက်ကာမျှဝေထားတာပဲ ဖြစ်ပါတယ် ။

တန်ဖိုးကြီးရတနာပစ္စည်းလေးကို မကစ်ကသူမအတွက်လက်ဆောင်ပေးတာကြောင့် မြတ်ရတနာကျော်တစ်ယောက်အတိုင်းမသိပျော်ရွှင်နေရတာလည်းဖြစ်ပါတယ်။မြတ်ရတနာကျော်က ရွှေကစ်ကိုသူမရဲ့Idol အဖြစ်သတ်မှတ်ထားပြီး အရမ်းကိုချစ်ခင်အားပေးနေတာပဲဖြစ်ပါတယ်။ကဲအရမ်းလှတဲ့လက်ဆောင်လေးအတွက် ရွှေကစ်ကိုကျေးဇူးတင်နေတဲ့မြတ်ရတနာကျော်ရဲ့ဗီဒီယိုလေးကိုချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Zawgyi Version





Credit to Original