Cele News

မြန်မာနိုင်ငံကအကယ်ဒမီ(၃)ဆုအပြင် ပြည်ပကချီးမြှင့်တဲ့ဆုတစ်ခုရရှိခဲ့တဲ့အတွက်ပျော်ရွှင်နေတဲ့ ဖွေးစိန်လေး

မြန်မာနိုင်ငံကအကယ်ဒမီ(၃)ဆုအပြင် ပြည်ပကချီးမြှင့်တဲ့ဆုတစ်ခုရရှိခဲ့တဲ့အတွက်ပျော်ရွှင်နေတဲ့ ဖွေးစိန်လေး

ဖွေးစိန်လေးကတော့ အနုပညာအရည်အချင်းပြည့်ဝပြီး ပရိသတ်ရဲ့ အားပေးမှုအပြည့်အဝရရှိထားတဲ့သူတယောက်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားပေါင်းများစွာပါဝင်ရိုတ်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပါတယ်။အခုဆိုရင်တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာကျင်းပတဲ့ Asia Special Awardကိုရရှိခဲ့တာလည်းဖြစ်ပြီးပရိသတ်တွေကတော့ဝမ်းသာမဆုံးဖြစ်နေကြပါတယ်။


ဖွေးဖွေးကတော့ရရှိခဲ့တဲ့ဆုတံဆိပ်နဲ့အတူအမှတ်တရပုံလေးတွေကိုပရိသတ်တွေကိုမျှဝေလာခဲ့ပါတယ်။ဒါ့အပြင်ကျေးဇူးတင်စကားကိုလည်းKorea နိုင်ငံ Seoulမြို့မှာကျင်းပတဲ့ 2020 Untact Asia Model Festival/ Awards က ဖွေးကိုချီးမြှင့်ခဲ့တဲ့Asia Special Award လေးနဲ့အမှတ်တရDarlings တွေ Oopsies တွေမျှော်နေမယ်ဆိုတာသိလို့ 2020 covid 19ကာလဖြစ်လို့ဒုက္ခတွေထဲကပျော်စရာတောက်တောက်ပပလေးတခုဖြစ်လာခဲ့တယ်ပေါ့ရှင်။


မြန်မာ့ရုပ်ရှင်မှချီးမြှင့်တဲ့အကယ်ဒမီ ၃ ဆုပြီးရင် This Asia Special Award is my very 1st award i ever achieved from Abroad.Thanks heaps to Asia Model Festival Organizing Commitee Chairman Mr. Yang Eui Sig & JBJ Entertainmentကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်ဆိုပြီးတော့ဖေ့ဘွတ်ခ်မှာရေးသားဖော်ပြလာပါတယ်။


ဖွေးဖွေးကတော့အသက်ငယ်ငယ်နဲ့အနုပညာလောကမှာအောင်မြင်မှုများစွာရရှိနေပြီးခုဆိုရင်လည်းပြည်တွင်းသာမကပြည်ပကဆုတံဆိပ်တွေပါရယူနိုင်ခဲ့ပါပြီ။Asia Special Awardကိုတော့မြန်မာနိုင်ငံကနေပြီးတော့ဖွေးဖွေးနဲ့ဝတ်မှုန်ရွှေရည်နှစ်ဦးတို့ကရရှိထားပါတယ်။

Credit to Original