Cele News

အနုပညာလောကသားချင်းကတောင် အနုပညာသရဲကြီးလို့တင်စားခံရတဲ့ သရုပ်ဆောင်နေမျိုးအောင်

အနုပညာလောကသားချင်းကတောင် အနုပညာသရဲကြီးလို့တင်စားခံရတဲ့ သရုပ်ဆောင်နေမျိုးအောင်

ပရိသတ်ကြီးရေ MRTV 4 မှာထုတ်လွှင့်ပြသနေတဲ့ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲကတော့ အနုပညာပေါင်းများစွာပါဝင်အားဖြည့်ထားပြီး ပရိတ်သတ်အားပေးမှူအပြည့်အဝရရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။သရုပ်ဆောင်ထူးခန့်ကျော်လည်းပါဝင်သရုပ်ဆောင်ထားပြီး အနုပညာီအစ်ကိုဖြစ်တဲ့မင်းသား​ကြီးနေမျိုးအောင်ရဲ့အရည်အချင်းကိုချီးကျူးလာပါတယ်။


သရဲကြီးဟုတ်ပါတယ်သူဟာအနုပညာလောကမှာသရဲကြီးပါဦကျော်ဟိန်းကိုတော့အနုပညာဘီလူးကြီးလို့တင်စားသလိုကျွန်တော်ကတော့အကိုနေမျိုးအောင်ကိုလေးစားစွာဖြင့် အနုပညာသရဲကြီးလို့တင်စားပါရစေအိုက်တင်နဲ့ပတ်သက်သောအရာမှန်သမျှကြိုက်တာလာခဲ့သနားတယ်


ဆိုတဲ့သရဲကြီးဒီလောကမှာဦးကျော်ကိုသားကြီး ကိုကျော်ရဲအောင်ကိုနေမျိုးအောင်အဲ့ဒီသရုပ်ဆောင်တွေဟာအနုပညာလောကမှာတော့ရှားပါးရတနာမျိုးတွေပါအကိုနေမျိုးအောင်နဲ့အနုပညာလုပ်ငန်းမှာဆုံးဖူးတယ်ဆိုပေမဲ့ယခုပြသနေသောမမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာတော့နေတိုင်းဆုံးဖူးကြတယ်။


အနုပညာနဲ့ပတ်သက်လာရင်အရမ်းကြိုးစားတယ်သူ့ကိုယ်သူမသနားဘူးသူဘာဖြစ်သွားမလဲဆိုတာလဲသူမတွေးမိဘူးအနုပညာနဲ့သာဆိုရင် သေသေကြေကြေဆိုတဲ့အနုပညာသမားစစ်ပေါ့ စိတ်ရင်းအင်မတန်ကောင်းသလိုအနုပညာအခြေကလဲခိုင်လွန်းလှတယ်လေ


မည်သူ့ကိုမဆိုအနုပညာနဲ့ပတ်သက်လာရင်သွန်သင်ပြသပြီးလက်ဆွဲခေါ်ဆောင်သူ ဘာသာတရားကိုင်းရှိုင်းသူဖြစ်သလိုမမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ဇာတ်လမ်းတွဲမှာတော့ဆရာဦးဟိန်းစိုး ဆရာဦးမောင်သီတို့နဲ့ပေါင်းဖက်ပြီးဦးခင်ဖေအဖြစ်သရုပ်ဆောင်ထားတာအရမ်းပီပြင်လှသော


ရှားပါးသရုပ်ဆောင်ကြီးပါမထင်မှတ်ပဲဒီဇာတ်လမ်းတွဲမှာအကိုနေမျိုးအောင်နှင့်အတူပါဝင်သရုပ်ဆောင်ခွင့်ရလို့လဲအထူူးပင်ပီတိဖြစ်မိပါတယ်ကျွန်တော်၏Fbမှအမျိုးအပေါင်းသူတော်ကောင်းတို့ကလဲ ဦးခင်ဖေခေါ်အကိုနေမျိုးအောင်(အနုပညာသရဲကြီး)ကိုအားပေးကြပါအုံးလို့ဆိုပြီးရေးသားထားတာဖြစ်လို့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Credit to Original