Cele News

ခိုင်နှင်းဝေရဲ့ ရင်သွေးငယ်များဂေဟာမှာ ချစ်သူသက်တမ်း(၅)နှစ်ပြည့် အမှတ်တရသွားရောက် လှူဒါန်းခဲ့ကြတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေး

ခိုင်နှင်းဝေရဲ့ ရင်သွေးငယ်များဂေဟာမှာ ချစ်သူသက်တမ်း(၅)နှစ်ပြည့် အမှတ်တရသွားရောက်လှူဒါန်းခဲ့ကြတဲ့ဝါဆိုမိုးဦးနဲ့ ဖြိုးလေး

ပရိသတ်တွေချစ်ခင်အားပေးကြတဲ့အဆိုတော်ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့အတွဲကတော့ရှေ့သွားနောက်လိုက်ညီတဲ့ အနုပညာစုံတွဲဘဲဖြစ်ပါတယ်။အခုဆိုရင် ချစ်သူသက်တမ်းလည်း(၅)နှစ်ပြည့်တော့မှာဘဲဖြစ်ပါတယ်။အမှတ်တရနေ့လေး အကြိုအဖြစ်ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများရိပ်မြုံ ဂေဟာမှာငွေကျပ်(၅) သိန်းလှူဒါန်းခဲ့ကြပါတယ်။


ဒီအလှူလေးအတွက်ဝါဆိုမိုးဦးရဲ့ပီတိစကားကို ပြောပြခဲ့ပါတယ်။ ဒီဇင်ဘာလ(၁၀)ရက်နေ့ဆိုရင်ချစ်သူသက်တမ်း(၅)နှစ်ပြည့်ပြီ။မခိုင်နှင်းဝေရဲ့ ကလေးများဂေဟာမှာတော့ဘက်စုံသုံးဖို့အတွက်ငွေသား(၅)သိန်းလှူခဲ့တယ်။အခုလိုကာလမှာကလေးတွေအတွက်လိုအပ်မှုများမယ်ဆိုတာလည်းသိတယ်၊အစ်မနဲ့ Facebook မှာ Friend ဖြစ်နေတော့အစ်မကိုဘာတွေလိုအပ်လည်းမေးရင်းနဲ့ ဘက်စုံသုံးလို့ရအောင်အလှူငွေလေးပဲလှူဖြစ်သွားတယ်။


နောက်ထပ်အလှူလေးကလည်းရွာသားကြီးဘက်ကမိဘမဲ့ဂေဟာတစ်ခုမှာလှူဖို့ရှိပါသေးတယ်လို့ဆိုပါတယ်။ဝါဆိုမိုးဦးအနေနဲ့ ချစ်သူသက်တမ်း အမှတ်တရအလှူလေးကို ခိုင်နှင်းဝေရဲ့ ကလေးများ ဂေဟာမှာ ပြုလုပ်ခွင့်ရတဲ့ပီတိလေးကိုအခုလိုပြောပြလာပါတယ်။အစ်မရဲ့ဂေဟာကို ပထမဆုံးရောက်ဖူးတာပါ။ကလေးတွေကိုလည်းကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတာတွေ့ရတော့အရမ်းလည်းပီတိဖြစ်ရတယ်။


အစ်မကတော့တကယ်ကိုအမေအရင်းတစ်ယောက်လိုပဲစောင့်ရှောက်တာလည်းအမြဲတမ်းတွေ့ရပါတယ်။ဒါကြောင့် ဒီကလေးလေးတွေအစ်မဆီကိုရောက်တာအရမ်းကံကောင်းတယ်လို့ဝါဆိုခံစားမိတယ်။အစ်မအတွက်လည်းအရမ်းဂုဏ်ယူပါတယ်လို့ဆက်လက်ပြောပြခဲ့ပါတယ်။ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့အချစ်ရေးကိုတော့၂၀၁၆ ခုနှစ်လောက်မှာပရိသတ်တွေကို တရားဝင်အသိပေးခဲ့ကြတာဖြစ်ပါတယ်။


ချစ်သူသက်တမ်း(၅)နှစ်တာခရီးမှာတစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့တည်ဆောက်ထားကြတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေမှာလည်းဖေးမကူညီပေးတာတွေ တွေ့ရသလိုအလှူအတန်းနဲ့ ပတ်သက်လာရင်လည်း အတွဲညီညီ ဆောင်ရွက်လေ့ရှိတဲ့ ချစ်သူ စုံတွဲ တစ်တွဲဖြစ်ပါတယ်။

သူတို့ နှစ်ဦးရဲ့မင်္ဂလာသတင်းကိုတော့နောက်(၃)နှစ်နေမှသာ ပရိသတ်တွေကိုအသိပေးသွားမယ်လို့လည်းဝါဆိုမိုးဦးက ဖြေဆိုထားဖူးပါတယ်။

Credit to Original