Cele News

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကရွေးချယ်တဲ့ အာရှထိပ်တန်းအနုပညာရှင်စာရင်းထဲ ဖော်ပြချင်းခံရတဲ့ စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကရွေးချယ်တဲ့ အာရှထိပ်တန်းအနုပညာရှင်စာရင်းထဲ ဖော်ပြချင်းခံရတဲ့ စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်

ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်စိုင်းစိုင်းနဲ့သရုပ်ဆောင်ဝတ်မှုန်ရွှေရည်တို့ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူတွေဘဲဖြစ်ပါတယ်။စိုင်းစိုင်းခမ်းလှိုင်ကတော့ချောကလတ်ရောင်ရေခဲအိပ်မက်များ ဆိုတဲ့သီချင်းခွေနဲ့အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။စိုင်းစိုင်းခမ်းလှိုင်က ရုပ်ရှင်၊ ဂီတ နယ်ပယ်မှာတောက်ပလာခဲ့ပြီး အခုဆိုရင်ပြိုင်စံရှားအနုပညာရှင်တစ်ယောက်အဖြစ် ထိပ်ဆုံးမှာရပ်တည်နေတာပဲဖြစ်ပါတယ်။


စိုင်းစိုင်းနဲ့ဝတ်မှုံရွှေရည်ကတော့ ပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေနဲ့လည်း ရုပ်ရှင်၊ ဂီတ အနုပညာလှုပ်ရှားမှုတွေအတူတူလုပ်ကိုင်ရလေ့ရှိတဲ့သူတွေဖြစ်ပါတယ်။ဒီနေ့မှာတော့ နှစ်ယောက်လုံးကဝမ်းသာစရာသတင်းလေးကိုပရိတ်သတ်တွေကိုမျှဝေလာပါတယ်။အဲဒါကတော့ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ကစ်နဲ့စိုင်းစိုင်းကဖော်ပြချင်းခံရတာဘဲဖြစ်ပါတယ်။


အဲ့ဒီလိုစာရင်းထဲ ထည့်သွင်းဂုဏ်ပြုခြင်းခံရတဲ့ အဓိကအကြောင်းအရင်းကိုလည်း စိုင်းစိုင်းက Forbes က အာရှ Digital Starအယောက်တစ်ရာစာရင်းမှာကျွန်တော့်ကိုထည့်ထားတယ်။ ကျွန်တော်ပရိသတ်တွေရဲ့အားပေးမှုကြောင့် ဖြစ်မှာပဲ။ Thanks to my fanဆိုပြီး ပြောလာပါတယ်။ဝတ်မှုံရွှေရည်ကလည်း Forbes magazine ကရွေးချယ်တဲ့ Forbes Asia’s Digital Star အယောက်(၁၀၀)မှာမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကစ်ရွေးချယ်ခံရပါတယ်။ကစ်ကိုချစ်ခင်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုချစ်ပါတယ်။


Zawgyi Version







Source – Sai Sai / Wutt Hmone Shwe Yi