Cele News

ဖခင်ဖြစ်သူနဲ့အတူ လေ့ကျင့်ရေးလုပ်ချင်နေပြီး လက်ကလေးနှစ်ဖက် ဟန်ပြလုပ်ကာ ပို့စ်ပေးတတ်နေတဲ့ အောင်လအန်ဆန်ရဲ့သမီးလေး

ဖခင်ဖြစ်သူနဲ့အတူ လေ့ကျင့်ရေးလုပ်ချင်နေပြီး လက်ကလေးနှစ်ဖက် ဟန်ပြလုပ်ကာ ပို့စ်ပေးတတ်နေတဲ့ အောင်လအန်ဆန်ရဲ့သမီးလေး

ပရိတ်သတ်ကြီးရေ မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာအောင်လအန်ဆန်ကတော့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကိုပြန်လည်ရယူနိုင်ဖို့ အပြင်းအထန်လေ့ကျင့်နေတာဘဲဖြစ်ပါတယ်။ဒါအပြင်အောင်လ ချစ်စရာမိသားစုလေးကိုလည်းတာဝန်မပျက်အချိန်ပေးနေတာလည်းတွေ့ရပါတယ်။အောင်လမှာချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေး အန့်ဆိုင်းနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။


အောင်လအန်ဆန်ကတော့သူဝါသနာပါရာ အားကစားကိုယုံကြည်မှုရှိရှိလုပ်ဆောင်နေသလို သူ့ရဲ့မိသားစုလေးကိုအချိန်ပြည့်ဂရုစိုက်ပြီး ပျော်ရွှင်မှုလေးတွေကိုလည်းဖန်တီးပေးကာ တာဝန်ကျေတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါ့အပြင်သူ့ရဲ့မိသားစုလေးကိုလည်းပရိသတ်တွေချစ်အားပိုအောင်လှုပ်ရှားမှု့လေးတွေဖော်ပြပေးပါတယ်။ယခုမှာတော့ အောင်လန်အန်ဆန်ကသူ့ရဲ့အဖွဲ့သားတွေနဲ့လေ့ကျင့်ရေးပြုလုပ်နေရင်းသမီးလေးအန့်ဆိုင်းရဲ့ ချစ်စရာအပြုအမူလေးကိုဖော်ပြလာခဲ့ပါတယ်။


ဒီပုံလေးနဲ့လည်းအောင်လအန်ဆန်ကသောကြာနေ့ညမှာပြုလုပ်တဲ့၊ခွန်အားနဲ့ကြံခိုင်မှုအတွက်လေ့ကျင့်ခန်းတွေမှာ၊သမီးလေးဆန့်ဆိုင်းကကျွန်တော်တို့နဲ့အတူပူးပေါင်းလေ့ကျင့်ချင်နေပါတယ်ဆိုပြီးရေးသားထားပါတယ်။ သမီးလေးအန့်ဆိုင်းကဖခင်လေ့ကျင့်ရေးလုပ်နေသလိုအရှေ့ကနေပြီးလက်ကလေးဟန်ပြလုပ်နေတာကတော့ချစ်စရာကောင်းလောက်ပါတယ်။ ကဲ ပရိသတ်ကြီးရေ ဖခင်နဲ့အတူလေ့ကျင့်ချင်နေတဲ့ သမီးအန့်ဆိုင်းရဲ့ ပုံလေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Zawgyi Version





Source – Aung La Nsang