Cele News

နှစ်ဖက်သောမိဘဆွေမျိုးများနဲ့ တရားသူကြီးမင်းရှေ့မှောက်မှာ မင်္ဂလာလက်မှတ်ထိုး လက်ထပ်ခဲ့ကြပြီဖြစ်တဲ့ နိုင်းဝမ်းတို့ ချစ်သူနှစ်ဦး

နှစ်ဖက်သောမိဘဆွေမျိုးများနဲ့ တရားသူကြီးမင်းရှေ့မှောက်မှာ မင်္ဂလာလက်မှတ်ထိုးလက်ထပ်ခဲ့ကြပြီဖြစ်တဲ့ နိုင်းဝမ်းတို့ချစ်သူနှစ်ဦး

သီချင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့အဆိုတော်နိုင်းဝမ်းကတော့ဂီတလမ်းကြောင်းပေါ်မှာအောင်မြင်နေတဲ့သူတယောက်ပါ။နိုင်းဝမ်းကတော့ သူရဲ့အချစ်ရေးကိုပရိတ်သတ်တွေကိုအရင်ကတည်းကချပြထားတဲ့သူတယောက်ပါ။အခုဆိုရင်(၁၁)နှစ်ကြာရွှေလက်တွဲလာတဲ့ချစ်သူလေးနဲ့ အဆိုတော်နိုင်းဝမ်းကတော့တရားဝင်လက်ထပ်လိုက်ပြီဘဲဖြစ်ပါတယ်။


နိုင်းဝမ်းကသူ့ရဲ့မင်္ဂလာပွဲလေးနဲ့ပက်သတ်ပြီး လက်ထပ်ထိမ်းမြားပြီးစီးခြင်းကျွန်တော်မောင်ကျော်ဇင်လတ်(ခ)နိုင်းဝမ်းနှင့်မမေမျိုးသူကျော် တို့သည် ယနေ့ ၉.၁၂.၂၀(အမျိုးသားနေ့)တွင် ဒေါ်စိုးခက်ခက်(တရားလွှတ်တော်တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်)နှင့် နှစ်ဘက်သောမိဘဆွေမျိုးများ၏ရှေ့မှောက်တွင်တရားဝင်လက်မှတ်ရေးထိုး၍လက်ထပ်ပြီးစီးပါကြောင်းကြေငြာအပ်ပါသည်။


ကိုဗစ်ကာလဖြစ်လို့မိတ်ဆွေသူငယ်ချင်းများအားမင်္ဂလာပွဲသို့ဖိတ်ကြားဖို့မဖြစ်နိုင်ခဲ့သော်လည်းလက်ဖွဲ့ပစ္စည်းများပေးပို့ပေးကြပါသော၊မင်္ဂလာဆုမွန်ကောင်းတောင်းပေးကြပါသောအနယ်နယ်အရပ်ရပ်မှမိတ်ဆွေသင်္ဂဟများနှင့်ချစ်ပရိတ်သတ်များအားလုံးအားလုံးကိုလှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါတယ်ခင်ဗျာဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာအသိပေးလာခဲ့ပါတယ်။


နိုင်းဝမ်းကတော့သူ့ရဲ့ချစ်သူလေးနဲ့ဘဝတစ်သက်စာရွှေလက်တွဲမြဲခဲ့ပြီပဲဖြစ်ပါတယ်။နိုင်းဝမ်းတို့ဇနီးမောင်နှံနှစ်ယောက်ယနေ့မှာစနှစ်တစ်ရာတိုင်ပျော်ရွှင်စွာပေါင်းဖက်နိုင်ပြီးသားသားမီးမီးလေးတွေအများကြီးထွန်းကားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit to Original