Cele News
ခါးရိုးကျိုးအက်သွားတာကြောင့် ဆေးရုံတက်နေရတဲ့ဇနီးသည်ရဲ့လက်ရှိအခြေအနေကိုပြောပြလာတဲ့ လင်းလင်း
ခါးရိုးကျိုးအက်သွားတာကြောင့် ဆေးရုံတက်နေရတဲ့ဇနီးသည်ရဲ့လက်ရှိအခြေအနေကိုပြောပြလာတဲ့ လင်းလင်း
တေးရေး၊တေးဆိုတယောက်အနေနဲ့ဂီတလောကထဲဝင်​ရောက်လာတဲ့အဆိုတော်လင်းလင်းကတော့ သီချင်းပုံစံအသစ်လေးတွေနဲ့ချပြခဲ့ပြီး ပရိတ်သတ်တွေလက်ခံအားပေးခဲ့ကြတာဘဲဖြစ်ပါတယ်။အခုချိန်မှာလင်းလင်းက သရုပ်ဆောင်ချစ်သုဝေနဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေပြီဘဲဖြစ်ပါတယ်။ဒါအ​​​ပြင်ချစ်စရာအမွှာပူးသမီးလေးနှစ်​ယောက်လည်းပိုင်ဆိုင်ထားပါသေးတယ်။
ချစ်သုဝေကတော့မကြာသေးခင်ကလှေကားပေါ်ကနေရုတ်တရက်ပြုတ်ကျခဲ့တာကြောင့်ခါးရိုးကျိုးအက်ကာဆေးရုံတက်ရောက်ကုသနေရတာပဲဖြစ်ပါတယ်။ခါးရိုးကိုထိခိုက်မိခဲ့တာကြောင့်ဆေးရုံမှာလနဲ့ချီပြီးကုသမှုခံယူရမယ်လို့လည်းသိရပါတယ်။ဇနီးသည်ချစ်သုဝေရဲ့ခါးရိုးဒဏ်ရာနဲ့ပက်သက်ပြီးလင်းလင်းကတော့အိပ်ယာပေါ်ကဆရာမအခြေအနေအထူးကောင်းမွန်လာ၍ ဘောလုံးချိန်းပွဲကန်ရန်ကိုမျိုးကြီးနဲ့တိုင်ပင်ပြင်ဆင်ဆိုပြီးပရိတ်သတ်ကိုစနောက်ပြီးပြောခဲ့ပါတယ်။
မိခင်ဆေးရုံတက်နေရတဲ့အချိန်အနားမှာရှိနေပေးတဲ့ သမီးလေးနှစ်ယောက်အကြောင်းကိုလည်အရွှန်းဖောက်ကာပြောပြလာပါသေးတယ်။လူငယ်တွေစကားလက်ဆုံကြတုန်းလူကြီးဆရာမနှစ်ယောက်မုန့်များဖြင့်ကိုယ်တိုင်ဧည့်ခံ ကိုယ်တိုင်စားသောက်ဆိုကာအဆိုတော်မျိုးကြီးတို့ဇနီးမောင်နှံလူနာလာမေးတဲ့အချိန်မှာဧည့်ခံနေတဲ့သမီးလေးတွေအကြောင်းကိုပြောပြခဲ့တာပါ။
Zawgyi Version
Credit to Original